တစ်လောကလုံးရဲ့စိတ်ထဲမှာ တိတ်တခိုးတွေးနေကြတဲ့အတိုင်းပဲ မန်ချက်စတာစီးတီးဟာ မြို့ခံပြိုင်ဘက်မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူပြီး FA Cup ချန်ပီယံဖြစ်လာပါပြီ။ ဒီရာသီ အတောက်ပဆုံးခြေစွမ်းနဲ့အတူ (၇) ကြိမ်မြောက် FA Cup ကြီးကို ကိုင်မြှောက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဂန်ဒိုဂန်ဟာ အသင်းခေါင်းဆောင်တစ်ယောက်ပီသစွာ အသင်းသားတွေအားဖြစ်စေမယ့်ဦးဆောင်ဂိုးကို ပွဲစပြီး စက္ကန့်ပိုင်းအတွင်းမှာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလိုဦးဆောင်ဂိုးရယူနိုင်ခဲ့ပေမယ့် ဂရင်းလစ်ရဲ့လက်ထိဘောမှတစ်ဆင့် ပယ်နယ်တီပေးခဲ့ရပြီး ဘရိုနိုရဲ့ချေပဂိုးကို ခွင့်ပြုလိုက်ရပါတယ်။ ပထမပိုင်းမှာ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပေမယ့် ဒုတိယပိုင်းမှာ မန်စီးတီးအသင်းခေါင်းဆောင် ဂန်ဒိုဂန်က အနိုင်ဂိုးကိုထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။

မန်စီးတီးတို့အတွက်တော့ "တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်" ဆိုတဲ့စကားပုံအတိုင်း ပရီးမီးယားလိဂ်နှင့် FA Cup နှစ်ခုလုံးကို ရယူနိုင်ခဲ့တာကြောင့် ကွန်မြူနတီဒိုင်းကိုလည်း ပြိုင်ဘက်မရှိသိမ်းပိုက်နိုင်ခဲ့ပါပြီ။ မန်စီးတီးဟာ ဇွန်လ (၁၁) မှာ အင်တာမီလန်နှင့် ချန်ပီယံလိဂ်ဖိုင်နယ်ကစားရမှာဖြစ်ပြီး တစ်ရာသီအတွင်း ဖလားသုံးလုံးရယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ စံချိန်ကိုလိုက်မှီနိုင်ဖို့ လက်တစ်ကမ်းသာလိုဝောာ့တာဖြစ်ပါတယ်..။


CONGRATULATIONS MANCHESTER CITY 🎉👑