မန်ချက်စတာယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား မေဆင်မောင့် ကို ခေါ်ယူဖို့အတွက် ကြိုးစားခဲ့ရာမှ အခုဆိုရင် မေဆင်မောင့်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ၊ ပြောင်းရွှေ့ကြေး သဘောတူညီမှုရပြီဆိုတာနဲ့ တန်းပြောင်းမှာဖြစ်ကြောင်း သိရပါတယ်။

ချယ်လ်ဆီးအသင်းကလည်း မေဆင်မောင့် ကို ဇွန်လ (၃၀) ရက်နေ့ မတိုင်ခင် အပြီးသတ်ရောင်းချဖို့ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြောင်းရွှေ့ကြေးအနေနဲ့ကလည်း မန်ချက်စတာယူနိုက်တက် က မေဆင်မောင့်ကို ပေါင်သန်း (၆၀) ဖြင့် ဝယ်ချင်နေပေမယ့် ချယ်လ်ဆီးအသင်းကတော့ ပေါင်(၈၅)သန်း လိုချင်နေတယ်လို့ သိရပါတယ်။

ဒါကြောင့်မို့ မန်ချက်စတာယူနိုက်တက်အသင်း က မေဆင်မောင့်ရဲ့ အပြောင်းရွှေ့အတွက် လိုအပ်သော ပြောင်းရွှေ့ကြေး တစိတ်တပိုင်းအဖြစ် နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယား ကို ထည့်သွင်းအသုံးပြုသွားဖို့ ရှိနေကြောင်း သိရပါတယ်။ ချယ်လ်ဆီးအသင်းကို လက်ရှိအသစ်ရောက်လာတဲ့ နည်းပြ ပိုချက်တီနိုသည်က ဟယ်ရီမက်ဂွိုင်းယားတစ်ယောက် Hull City မှာ ကစားခဲ့စဥ်ကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးကြောင်း သိရတာကြောင့် ဒီသတင်းက တကယ်ကြီးဖြစ်နေမလားဆိုတာတော့ စောင့်ကြည့်စရာပါပဲ။ ကံကောင်းပါစေ ချယ်လ်ဆီး ဖန်တို့ရေ 😁

source - football . London