ရီးရဲရ်မက်ဒရစ်အသင်းနဲ့အတူ ဆုဖလားပေါင်းစုံကိုင်မြှောက်နိုင်ခဲ့တဲ့အပြင် အောင်မြင်မှုပေါင်းများစွာရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးဘန်ဇီမာဟာ ယခုအပြောင်းအရွှေ့ကာလအတွင်းမှာ အသင်းမှထွက်ခွာဖို့ပြင်ဆင်နေပါတယ်။ ဆော်ဒီကလပ်တွေကလည်း မက်မောလောက်စရာငွေကြေးတွေအပြင် ဆော်ဒီကလပ်အတွင်း ဘယ်အသင်းမှာမဆိုကစားနိုင်တဲ့ ကမ်းလှမ်းချက်ကြီးတွေနဲ့ ဆွဲဆောင်နေပါတယ်။

တစ်ဖက်မှာလည်း အသင်ဖော်ဟောင်းရိုနယ်ဒိုဟာ အဲလ်နာဆာအသင်းမှာ ကစားနေပြီး နောက်ရာသီမှာလည်း အဲလ်နာဆာမှာပဲဆက်ရှိမှာဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာပြောကြားခဲ့ပါတယ်။ " ငါဒီမှာအရမ်းပျော်ပါတယ်။ ဒီမှာဆက်ကစားချင်စိတ်ရှိသလို ဒီမှာပဲဆက်ရှိနေမှာပါ" လို့ ပြောကြားခဲ့ပါတယ်။ အချို့သတင်းတွေကလည်း ဘန်ဇီမာဟာ ရိုနယ်ဒိုရှိတဲ့ အဲလ်နာဆာအသင်းကိုသွားလိမ့်မယ်လို့ အရိပ်အမြွက်ဖော်ပြထားကြပါတယ်။

ရိုနယ်ဒိုနှင့် ဘန်ဇီမာတို့ဟာ ရီးရဲရ်မက်ဒရစ်မှာ ၂၀၁၈ ခုနှစ်ထိ ကိုးနှစ်ကြာအတူကစားခဲ့ကြပြီး အကောင်းဆုံးအချိန်တွေကို အတူတူဖန်တီးခဲ့ကြပါတယ်။ ယခုငါးနှစ်အကြာမှာ သူတို့ပြန်ဆုံနိုင်ဖို့ ကံတရားကလမ်းဖွင့်ပးလိုက်ပါပြီ..။ ဆော်ဒီမှာရော် အအောင်မြင်ဆုံးအချိန်တွေကို ပြန်လည်တည်ဆောက်နိုင်မလား...။

အောင်မြင်မှုတွေခဏဘေးဖယ်ထားပြီး မိတ်ဆွေဟောင်းကြီးတွေ တွဲဖက်ကစားတာကိုတော့ ပြန်မြင်ချင်ပါသေးတယ်..။
