ဒီကနေ့ဟာ တစ်ချိန်က ဘောလုံးပရိသတ်တွေရဲ့ အသည်းစွဲ Javier Chicharito Hernandez ရဲ့ မွေးနေ့ဖြစ်ပါတယ်

//s9.kh1.co/c8/c84cc4d69ebc0189b3f157c20e5db9c4bc250078.jpg
အားကစားသတင်းများ

 ၀၂-ဇွန်-၂၀၂၃ ၁၀am · လွန်ခဲ့သော တစ်နှစ် က

တစ်ချိန်က ဘောလုံးဝါသနာရှင်တိုင်းရဲ့ အသည်းကျော် Hernandez ဟာ...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

တစ်ချိန်က ဘောလုံးဝါသနာရှင် ပရိသတ်တွေ အရမ်းကို အားပေးသဘောကျခဲ့ရတဲ့ မက်ဆီကိုနိုင်ငံသား တိုက်စစ်မှူး ဖြစ်သလို အခုချိန်ထိလည်း ဘောလုံးအားကစားကို တကယ် စိတ်နှစ်ကာ ဆက်လက်ကစားနေသူကတော့ Hernandez လို့ လူသိများကြတဲ့ Javier Chicharito Hernandez ပါပဲ။

Photo Credit From Original Uploader
Photo Credit From Original Uploader

Javier Chicharito Hernandez ဟာ ဘောလုံးအားကစားကို (၂၀၀၆) ခုနှစ်တည်းက ပရော်ဖက်ရှင်နယ်အဖြစ် စတင်ကစားလာခဲ့သူဖြစ်ပြီး အခုအချိန်မှာတော့ LA Galaxy အသင်းမှာ ဆက်လက်ကစားနေတယ်လို့ သိရပါတယ် ။ သူ့ခေတ်သူ့အခါကဆိုရင် Hernandez ကို မသိတဲ့သူဆိုတာ တကယ်ကို ရှားပါးလွန်းလှပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒီကနေ့ဟာတော့ အားလုံးကချစ်ကြတဲ့ တိုက်စစ်မှူး Javier Chicharito Hernandez ရဲ့ အသက် (၃၅) နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ အားလုံးကချစ်ကြတဲ့ တိုက်စစ်မှူး Hernandez တစ်ယောက် ဒီကနေ့မွေးနေ့မှစနောင်နှစ်ပေါင်းများစွာ အောင်မြင်မှုတွေကို ပိုင်ဆိုင်ရရှိနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T