မကြာသေးမီက ထိုင်းနိုင်ငံမှာ ဗန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ BLACKPINK အဖွဲ့ရဲ့ စတိတ်ရှိုးပွဲမှာ လက်မှတ်လိမ်ရောင်းခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးကို မေလ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြလာခဲ့ပါတယ်။

အဆိုပါ အမျိုးသမီးဟာ လိမ်လည်မှု ၉ ခုဖြင့် ထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပြီး သူမကို မြို့တော်ဗန်ကောက်၊ လာ့ဖရောင်း မြို့နယ်ထဲရှိ တိုက်ခန်းတစ်ခုမှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မီဒီယာတွေရဲ့ ဖော်ပြချက်မှာတော့ သူမဟာ ဘတ် ၉၆၀၀ တန်အွန်လိုင်းလက်မှတ်များကို အစောင် ၂၀၀ ဝယ်ယူ ထားပြီး ပရိသတ်များကို ၁ စောင်လျှင် ဘတ် ၁၅၀၀၀ မှ ၃၀၀၀၀ အထိ ပြန်လည်ရောင်းချခဲ့သလို ရောင်းကုန်သွားတဲ့ လက်မှတ်တွေကိုလည်း လောဘစိတ်ကြောင့် လက်မှတ်မိတ္တူများဖြင့် ထပ်ခါတလဲလဲ ရောင်းချခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

စတိတ်ရှိုးကျင်းပတဲ့နေ့မှာတော့ သူမဟာ ထိုင်ခုံတစ်ခုံကို လူလေးငါးယောက်အထိ လက်မှတ်ရောင်းထားတာကြောင့် လက်မှတ်ဝယ်ယူထားသူများက ငွေပြန်တောင်းသဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဆိုပါ အမျိုးသမီးက လိမ်ရောင်းထားတဲ့ လက်မှတ်ဖိုးတွေကို တစ်ယောက်မကျန်ပြန်ပေးမယ်လို့ ပြောပေမယ့် ရဲတပ်ဖွဲ့ကထိန်းချုပ်ထားပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

.
သတင်း အရင်းအမြစ်៖ Source - thethaiger