မျှစ်ထောင်းလေး လုပ်စားတယ်
မျှစ်နုလေးတွေကို ထောင်းစားရင် သိပ်စားကောင်းတာသိပြီးကြပြီလား? မျှစ်ကို ဟင်းချက်စားတာကြော်တာမျိုးပဲ မစားကြနဲ့နော်...တခါတလေ အဆန်းလေးလည်းဖြစ်စားလို့လည်းကောင်းတဲ့ မျှစ်ထောင်းလေး လုပ်စားကြည့်ရအောင် ...
ပါဝင်ပစ္စည်းများ
မျှစ် ချို .၂၅သား
ကြက်သွန်ဖြူ ၂မွာ
ငရုပ်သီးစိမ်း ၅/၆/၇ အစပ်ကြိုက်သလောက်ထည့်
ထန်းညှပ် ၂လုံး
သံပုရာသီး ၁/၂(သေးရင် ၂လုံး/ကြီးရင် ၁လုံး)

ကြက်သားမှုန့်
ငံပြာရည်
ပြုလုပ်နည်းအဆင့်ဆင့်
မျှစ်ကို အနေတော်လေးလှီးထားပြီးပန်ကန်ထဲထည့်ထားပါ။
ကြက်သွန်ဖြူ အရင်ထောင်း ပြီးရင် ငရုပ်သီးစိမ်း ထန်းညှပ် ထည့်ထောင်း ပြီးရင် သံပုရာသီး ကြက်သားမှုန့် ငံပြာရည် အရသာသင့်ရုံစပ်ပြီး လှီးပြီးသားမျှစ်ကိုထည့်ပါ။

တကယ်ထောင်းတာ မဟုတ်ဘဲ ဇွန်းနဲ့ ခပ်ဖွဖွလေး ထောင်းသလိုလုပ်ပြီး နှံ့ပြီဆိုရင် ရပါပြီ။
အရသာရှိပြီး စားရတာ ခံတွင်းတွေ့စေမယ့် အထောင်းလေးတစ်မျိုးမလို့ အိမ်မှာလုပ်စားကြည့်နော်...