တရုတ်တိုက်လေယာဉ်တစ်စင်းဟာ တောင်တရုတ်ပင်လယ်ပြင်မှာ ကင်းထောက်နေတဲ့ အမေရိကန် လေယာဉ်အနီးမှာ မလိုအပ်ဘဲ ဖြတ်သန်းလေ့ကျင့်ခဲ့ကြောင်း အမေရိကန်စစ်တပ်က အင်္ဂါနေ့ (မေလ ၃၀ ရက်)က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

တရုတ်ရဲ့ ဒီလိုအပြုအမူဟာ ထိုင်ဝမ်နှင့် ပေကျင်းတို့အကြား တင်းမာမှုနှင့် မကြာသေးမီက အမေရိကန်ကပစ်ချခံခဲ့ရတဲ့ တရုတ်သူလျှိုမီးပုံးပျံ ကိစ္စတွေ ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။ အင်ဒို-ပစိဖိတ်စစ်ဌာနချုပ် (INDOPACOM) က သောကြာနေ့က ထုတ်ပြန်ချက်မှာတော့ တရုတ်လေယာဉ်ဟာ RC-135 နဲ့ ပေ ၄၀၀ အကွာအဝေးကနေ တိုက်ရိုက်ပျံသန်းခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မီဒီယာတွေရဲ့ ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်တွေမှာတော့ တရုတ်တိုက်လေယာဉ်တစ်စင်း အနီးကနေ ဖြတ်သန်းသွားချိန်မှာ အမေရိကန်ရဲ့ ထောက်လှမ်းရေး RC-135 လေယာဉ်ဟာ အနည်းငယ်တုန်ခါသွားတာ တွေ့ရပါတယ်။

အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာတော့ သူတို့ဟာ နိုင်ငံတကာဥပဒေနှင့်အညီ တောင်တရုတ်ပင်လယ်ပြင်ရဲ့ အပြည်ပြည်ဆိုင်ရာလေပိုင်နက်အတွင်းမှာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပုံမှန်စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာလို့လည်း ထုတ်ပြန်ထားပါတယ်။
သတင်း အရင်းအမြစ်៖ Source - CNA