သိပ်မကြာခင် ဇွန်လ (၃)ရက်နေ့ ည(၈း၃၀) နာရီအချိန်မှာတော့ တကယ်ကို စံချိန်တင် မြို့ခံပြိုင်ဘက် အသင်း နှစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်း နဲ့ မန်စီးတီးအသင်းတို့ ဟာ FA ဖလား အတွက် ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

FA ဖလား ပွဲစဉ် သက်တမ်းတစ်လျှောက် မှာဆိုရင် အခုလို မန်ချက်စတာအသင်း နှစ်သင်း ဗိုလ်လုပွဲတွင် တွေ့ဆုံမှု ဟာ ဒါ ပထမဆုံးအကြိမ် ဖြစ်တာကြောင့် မန်ချက်စတာအသင်း နှစ်သင်း ဗိုလ်လုပွဲတွင် တွေ့ဆုံမှုအား အသိအမှတ်ပြုတဲ့အနေနဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ထူးခြားတာတစ်ခုကိုပြုလုပ်ပေးခဲ့ပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အနေနဲ့ ဒီဗိုလ်လုပွဲကို အသိအမှတ်ပြုတဲ့အနေနဲ့ ဗိုလ်လုပွဲစတင်မကစားမီ တစ်ပတ်အလိုမှာတည်းက " Manchester " ဆိုတဲ့ စကားလုံးကို ဆုဖလားမှာ ရေးထိုးထားပြီးဖြစ်ကြောင်း သိရပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့ အသိအမှတ်ပြုမှုနဲ့အတူ အားကစားဝါသနာရှင်ပရိသတ်တွေလည်း အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားနေကြပါပြီ။
Source - Up to Date Manchester United News

