ပူပူထွေးထွေးလေးနဲ့ မိမိုက်တဲ့ ရှမ်းအစားစာခေါက်ဆွဲနွဲ့ (ခေါ်) ခေါက်ဆွဲခက်

//s9.kh1.co/ea/ea1f041042b8dcf7ccb274b2498eafaf35ed9660.jpg
MPT Lifestyle

 ၂၉-မေ-၂၀၂၃ ၃pm · လွန်ခဲ့သော ၃ နှစ် က

ရှမ်းစားကောင်းကောင်းလေးတွေဆိုရင် နှစ်ခါပြန်မမေးရလောက်အောင်ကြိုက်တဲ့သူတွေလက်ထောင်...

ပူပူထွေးထွေးလေးနဲ့ မိမိုက်တဲ့ ရှမ်းအစားစာခေါက်ဆွဲနွဲ့ (ခေါ်) ခေါက်ဆွဲခက်

ရှမ်းစားကောင်းကောင်းလေးတွေဆိုရင် နှစ်ခါပြန်မမေးရလောက်အောင်ကြိုက်တဲ့သူတွေလက်ထောင်... ပေါများတဲ့ ရှမ်းရိုးရာအစားစာတွေ ထဲမှာမှ ရန်ကုန်ကလူတွေသိပ်မသိကြသေးတဲ့ ရှမ်းအရှေ့ပိုင်းကျိုင်းတုံ အစားစာ ခေါက်ဆွဲနွဲ့ လုပ်နည်းလေးကို ဒီနေ့မှာ ပြောပြပေးပါမယ်နော်...

https://s9.kh1.co/__image/w=650,h=434,q=100/c7/c708b1edc208ffccd2ffc88ef6a3bd2f5d30c38b.jpg

ခေါက်ဆွဲနွဲ့ ဆိုတာ သူ့နာမည်လေးအတိုင်း နွဲ့ နွဲ့ နှောင်းနှောင်းအိအိတွဲတွဲလေးနဲ့စားလို့ကောင်းတဲ့ ဒေသစာတစ်မျိုးပါ။ သူ့ထဲမှာ ခေါက်ဆွဲတွေ ၊ အရွက်တွေနဲ့ ညှပ်ခေါက်ဆွဲဖက်လို့ အရာတွေ အပြင်ကြက်ဥနဲ့အသားတွေပါပါတယ်။ ရန်ကုန်မှာတော့ ခေါက်ဆွဲနွဲ့ ဆိုင်တော်တော်များများကို မမြင်ဖူးကြပေမယ့် တချို့သော ကျိုင်းတုံ ဆိုင်လေးတွေမှာတော့ ရောင်းနေကြတာမြင်ဖူးပါတယ်...

ဆိုတော့ အရသာရှိပြီးစားလို့ကောင်းတဲ့ ခေါက်ဆွဲနွဲ့လေးလုပ်စားကြည့်ကြမယ်နော်

https://s9.kh1.co/__image/w=190,h=265,q=100/d1/d1ac71d0ec3f4d6d37ecd2e574911afb64a6ef02.jpg

ပါ‌ဝင်‌တဲ့ အစာပလာ‌တွေက‌တော့

၁.‌အေးမာဆန်‌(ဝr)ဆန်‌ကြမ်းမှုန့်

ဆန်‌ကိုကြိတ်‌မယ်‌ဆိုရင်‌‌တော့

ဆန်‌ကို ညထဲက ‌ရေစိမ်‌ထားပြီး

ဆန်‌တစ်‌ဗူး ကျက်‌ပြီးထားထမင်း

လက်‌တစ်‌စုပ်ထည့် ကြိတ်‌ရပါတယ်‌

ဒါမှမဟုတ် အလွယ်‌တကူ

ဆန်‌ကြမ်းမှုန့် နဲ့ လုပ်‌မယ်‌ဆိုရင်‌‌တော့ ဆန်‌မှုန့် ကို မကြဲမပျစ်‌

အရည်‌‌ဖျော်‌ထားရပါမယ်‌

ထို ဆန်‌မှုန့် နှစ်‌ရည်‌အကြဲမပျစ်‌ထဲ ဆား/ဟင်း ချက်‌မှုန်‌့(or)အချို့မှုန့် နဲ့ ကြက်‌ သွန်‌မိတ်‌တို့ လှီးထည့်ထားပါ။

https://s9.kh1.co/__image/w=320,h=180,q=100/5a/5aca91dbb01ac354c6a88c28890dc1e704c53578.jpg

၂.‌ဂေါ်ဖီ.မုန်‌ညှင်းကန်စွန်း၊ ရွှေပဲရွက်‌.စလက်‌ရွက်‌ မိမိကြိုက်‌ရာ အရွက်‌များအား‌ရေ‌ဆေး ပါးပါးလှီးထားရပါတယ်‌

၃.ငရုတ်‌သီးအကျက်‌မှုန့်

၄.ကြက်‌သွန်‌ဖြူ

၅.ငရုတ်‌ချဉ်‌(or)မည်း‌ကျဉ်းမှည့်

အရည်‌‌ဖျော်‌

၆.‌မြေပဲဆန်‌‌ထောင်း

၇.ကြာညို့ (ပဲငံပြာရည်အကြည်)

၈.ဆား.ချိုမှုန့်

၉.ကြက်‌ဥ(or)စိုက်‌‌ကော်‌(ယိုးဒယား ကြက်အူ‌ချောင်‌း)

၁၀.သကြားမှုန့်

၁၁.ဆီစိမ်းအနည်းငယ်

၁၂.ဒင်‌အိုးအဝကျယ်‌ကျယ်‌နှင့်

‌ရေ‌နွေးတည်‌ထားရပါမယ်‌

https://s9.kh1.co/__image/w=320,h=180,q=100/47/478096d3249bf0a05271654d69da7514571efd09.jpg

ပြုလုပ်‌ပုံ အဆင့်ဆင့်

ပထမ ဆုံး ဆီစိမ်းကို

အဝတ်‌တစ်‌ခုခုနဲ့စုတ်‌ယူပြီး

မုန့်ဗန်း ပတ်‌လည်‌ကို ပါးပါး‌လေး

အနှံ့သုတ်‌‌ပေးရပါတယ်‌

ထို့‌နောက်‌

အထက်‌ပါ ကြိတ်‌ထား(or)အရည်‌‌ဖျော်‌ထားတဲ့ ဆန်‌မှုန်‌့ရည်‌အပျစ်‌မကြဲအား ထမင်းစားဇွန်း ၂ဇွန်း (ဗန်း အလတ်‌Size)ထည့်ကာ

ဗန်းထဲ ဆန်မှုန့် ညီညာသွားအောင် ပတ်‌လည်‌လှည့် ပေးရပါတယ်‌

ပထမတစ်‌လွှာ အ‌နေနဲ့ ‌ခေါက်‌ဆွဲခက်‌ ဗန်းကို အသင့်တည်ထားတဲ့

‌ရေ‌နွေးအိုးဒယ်‌ထဲ ဖြည်းဖြည်း အ‌ပေါ်ယံ ‌ရေ‌ပေါ်တင်‌ထည့်ကာ အိုးအဖုံးအုပ်‌ထားရပါတယ်‌( ‌ရေကို အရမ်းမ ဆူပွတ်‌ပါ‌စေနှင့်) ‌ရေ‌နွေးအိုးထဲ

၃စက္ကန့်မျှကြာလျှင်‌ ‌ရေ‌နွေးဒယ်‌ထဲက ‌ခေါက်‌ဆွဲခက်‌ဗန်းကိုပြန်‌ထုတ်‌ပြီး

အထက်‌ပါ

အစာပလာ အကုန်‌ထည်‌့

ငရုတ်‌သီးမှုန်‌့

ဆီချက်‌

အချဉ်‌

ကြက်‌ဥကြိုက်‌ကြက်‌ဥထည်‌့

ဆိုက်‌‌ကော်‌(ယ်‌ိုးဒယားကြက်‌အူ‌ချောင်‌း)ကြိုက်‌ရင်‌ထည်‌့

အစရှိသဖြင့်ထည့်ကာ

အ‌စာပလာအစုံ

ထည့်ပြီးထား ပထမတစ်‌လွှာ

ဗန်းထဲကို

#ဒုတိယ တစ်လွှာအ‌နေနဲ့ ဆန်‌မှုန့်အနှစ်ရည်ထမင်းစားဇွန်း ၂ဇွန်းစာ ထည့်

အထက်‌ပါ အစာပလာထည်‌့ကာ နှံ့သွား‌အောင်‌ ဗန်‌းကိုလည်‌‌ပေးရပါမယ်‌

ထို့‌နောက်‌ အစာပလာ‌တွေ နဲ့ နှံ့‌နေတဲ့ ဗန်‌းထဲ မိမိကြိုက်‌ရာ ပါးပါးလှီးထားတဲ့

အရွက်‌ ကို အ‌ပေါ်ယံထည့်ပါ။

#ဒုတိယတစ်‌ကြိမ်‌ ‌ဆူ‌နေတဲ့‌ရေ‌နွေးဒယ်‌ထဲက ‌ရေအ‌ပေါ်ယံတင်‌ဗန်‌းကို ဖြည်‌းဖြည်‌း ထည်‌့ကာ

၃စက္ကန့် လောက် အဖုံးပိတ်တည်‌ထားလိုက်‌ရင်‌ ‌နောက်‌ဆုံးကြိမ်‌မှာ ‌‌ခေါက်‌ဆွဲခက်‌ တစ်‌ပွဲ ရရှိပါပြီ

ရလာတဲ့ ‌ခေါက်‌ဆွဲခက်‌ ကို

ဗန်းရဲ့ဒေါင့်ကနေ အသာအယာခွာ၍ ပန်းကန်ထဲထည့်ကာ

‌ခေါက်‌ဆွဲခက်‌ အ‌ပေါ်ကို ကြက်သွန်ဖြူ‌‌ဆီချက်‌ဖက်‌‌လေး‌တွေ ဖြူး၍စားသုံးနိုင်‌ပါပြီ။

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T