ယောကျာ်းလေးသူငယ်ချင်းတွေရှိခြင်းရဲ့ အကျိူးကျေးဇူး‌များ

//s9.kh1.co/a1/a10d8316a7817eb3f5863290b98558e6b0da8551.jpg
MPT Lifestyle

 ၂၉-မေ-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

ယောကျာ်းလေးသူငယ်ချင်းတွေရှိခြင်းရဲ့ အကျိူးကျေးဇူး‌များ

မိန်းကလေးတွေအတွက် စိတ်တူကိုယ်တူမျှဝေပြီး အရာရာတိုင်ပင်လို့ရတဲ့မိန်းကလေးသူငယ်ချင်းတွေရှိတာက တကယ်ကိုကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ယုံကြည်အားကိုးလို့ရတဲ့ ယောကျာ်းလေးသူငယ်ချင်းတစ်ယောက်ရှိခြင်းကလည်းပဲ မ‌ရေမတွက်နိုင်တဲ့အကျိူးတွေရှိနေပါတယ်။

https://s9.kh1.co/__image/w=650,h=435,q=100/53/53472375cf928c8a63896b960a37593ce20cd458.jpg

ယောကျာ်းလေးသူငယ်ချင်းတွေဟာ သင့်ခန္တာကိုယ်နှင့်သင့်ရုပ်ရည်ကိုဘယ်တော့မှမဝေဖန်ကြပါဘူး။ သူတို့အတွက် သင်ကအမြဲတမ်းတစ်ရုပ်တည်းပဲဖြစ်နေတာဖြစ်သလို သင့်ရဲ့ပြောင်းလဲမှုတွေကိုလည်း အထူးတလည်သတိထားမိကြမှာမဟုတ်ပါဘူး။

https://s9.kh1.co/__image/w=600,h=399,q=100/02/02010618e4d375741f9858d325aa82f329bcc6a5.webp

သင်ရဲ့ဝတ်စားဆင်ယင်မှုနှင့် လိုက်ဖက်မှုတွေကိုလည်း အားမနာဘဲမြင်နေရတဲ့အစစ်အမှန်ကိုပြောချပေးတတ်ကြပါတယ်။ မိန်းကလေးအချင်းချင်းလိုမျိူး အားနာတာတွေမရှိဘဲ အမြင်အတိုင်းပြောတတ်တာကြောင့် သူတို့ရဲ့အမြင်ကိုယုံကြည်လို့ရပါတယ်။

https://s9.kh1.co/__image/w=510,h=340,q=100/b4/b4bcd3c771372b4791a6d555967c485b475a6720.jpg

သူတို့နှင့်အတူရှိနေရင် သင့်အနေနှင့်ဟန်ဆောင်ပြီးမိန်းမဆန်တာလိုမျိူးတွေလုပ်စရာမလိုပါဘူး။ သင့်ကိုသူတို့ရဲ့ရဲဘော်တစ်ယောက်လို့ပဲသဘောထားပြီးခင်မင်တတ်ကြတာကြောင့် သူတို့ရှေ့မှာယဥ်ကျေးသိမ်မွေ့ပြနေစရာမလိုအပ်ပါဘူး။ ဒါပေမဲ့အန္တာရာယ်တွေကြုံလာရရင်တော့ သင့်ရဲ့ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပြီးသင့်ကိုကာကွယ်ပေးကြပါလိမ့်မယ်။

https://s9.kh1.co/__image/w=650,h=434,q=100/49/49e7561f88ed3ba9403b0bcb08073d8774f726d2.jpg

ပြီးတော့ သူတို့ဟာသင်ပြောချင်တဲ့အကြောင်းအရာမှန်သမျှကိုမငြီးမငြူနားထောင်ပေးနိုင်ကြပါတယ်။ သင်ပြောသမျှကိစ္စတွေကို သေချာမမှတ်မိတတ်ကြပေမဲ့ အရေးကြီးကိစ္စတွေဆိုရင် သူတို့ကိုတိုင်ပင်ရင်သေချာကူညီပြီးအကြံပေးကြပါလိမ့်မယ်။ပြီးတော့ ယောကျ်ားလေးသူငယ်ချင်းတွေဟာစိတ်ဆိုးစိတ်ကောက်တာမျိူး သိပ်မရှိပါဘူး။

https://s9.kh1.co/__image/w=650,h=431,q=100/5d/5d4b86bfed240762c98d8d11c94b2d6cc266b5c6.jpg

သူတို့ရှေ့မှာ သင့်ရဲ့ဝမ်းနည်းမှု‌ ပျော်ရွှင်မှုတွေအကုန်လုံးကို ပွင့်ပွင့်လင်းလင်းပြသလို့ရပါတယ်။ သူတို့အနေနှင့်သင့်ရဲ့ခံစားချက်တွေကိုဘယ်တော့မှမေးခွန်းထုတ်မှာ မဟုတ်သလိုအကဲဖြတ်ပေးတာတွေလည်းလုပ်မှာမဟုတ်ပါဘူး။ အကောင်းဆုံးကတော့ ယောကျ်ားလေးသူငယ်ချင်းတွေဟာသင့်ကိုအရှိအတိုင်းလက်ခံပေးပြီး သင့်ဘေးမှာအမြဲရှိနေပေးတတ်တဲ့သူတွေပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=418,q=100/f4/f493273abb77ded585023cf71cc89424b36344b0.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T