ဘဝနေဝင်ချိန်အထိ အလှူအတန်းကို ရက်ရောခဲ့တဲ့ စိန်တုံးမိဖုရားကြီး

//s9.kh1.co/26/264fbd0672dbf7dc927bcd6c1f09e903cf266b2b.jpg
MPT Lifestyle

 ၂၆-မေ-၂၀၂၃ ၉pm · လွန်ခဲ့သော တစ်နှစ် က

.

စိန်တုံးမိဖုရားဟာ မင်းတုန်းမင်းကြီးရဲ့ မိဖုရား ၆၄ ပါးထဲမှာ "သီရိပုဗ္ဗာရတနာဒေဝီ"ဘွဲခံ မိဖုရားတစ်ပါးပါ။ ဖခင်မှာ ​လေးဦး​ဗိုလ်ဆိုင်ဖြစ်ပြီး မိခင်မှာ မင်းတုန်းမင်းရဲ့ မယ်​တော် ​တောင်​ဆောင်​တော်မိဖုရား ​ကျောက်​မော်မြို့စား သီရိသုစန္ဒါ မလ္လာမ​ဟေ ရဲ့ ညီမ​တော်လည်းဖြစ်ပါတယ်။ ပြီးတော့ တပယ်မင်းသားနဲလည်း ​မောင်နှမရင်း ​တော်စပ်ကြပါတယ်။

https://s9.kh1.co/__image/w=201,h=250,q=100/f7/f710708d76ef391496780a0766e7144f8d2fccd9.jpeg

ဒါကြောင့် စိန်းတုံးမိဖုရားနှင့် မင်းတုန်းမင်းဟာ တစ်ဝမ်းကွဲတော်စပ်တဲ့ မောင်နှမတွေဖြစ်ပါတယ်။ ညီမဝမ်းကွဲကို မိဖုရားအရာမြှောက်စားထားပေမယ့် စိန်တုံးမိဖုရားဟာ သားသမီးမထွန်းကားခဲ့ပါဘူး။ ခရစ်နှစ် ၁၈၇၈ ပြည့်နှစ် မင်းတုန်းမင်း နတ်ရွာစံပြီးနောက်ပိုင်းမှာလည်း မသေဆုံးခင်က ပေးထားခဲ့တဲ့ စိန်ရွှေငွေများနှင့် နန်းစဉ်ပစ္စည်းများကို နန်းတော်ကို စာရင်းသေချာစွာ မအပ်ခဲ့တာကြောင့် စိန်တုံးမိဖုရားဟာ အကျဉ်းကျခံခဲ့ရပါသေးတယ်။

https://s9.kh1.co/__image/w=600,h=653,q=100/86/8606c1b5c4e9e6e8f59d4cf358d2aa62bd971c9a.jpg

အဲ့ဒီနောက် စိန်တုံးမိဖုရားဟာ စုဖုရားလတ်ရဲ့ မယ်တော် ဆင်ဖြူမရှင်ရဲ့ အန္တရာယ်ကို ရှောင်တိမ်းတဲ့ အနေနဲ့ ဗြိတိသျှပိုင်အောက်ပြည်ကို စုန်ဆင်းပြီး မော်လမြိုင်မြို့ရှိ သာယာကုန်းရပ်မှာ နေထိုင်ခဲ့ပါတယ်။ ဗြိတိသျှအစိုးရကလည်း နန်းတွ​င်းထဲထွက်လာတဲ့ စိန်တုံးမိဖုရားကို လတစ်လကို ပင်စင်လစာအနေနဲ့ ငွေ ၁၅၀ ကျပ်ပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=419,q=100/7f/7f874be05c0dcf8923336317c797437573207174.jpg

မိဖုရားကြီးဟာ အစိုးရပေးတဲ့ ပင်စင်လစာအနေနဲ့ မိမိမှာစုဆောင်းထားတဲ့ ငွေတွေပေါင်းကာ အိမ်တော်ရာအတွင်းမှာ မြေကွက်လေးထပ်မံဝယ်ယူပြီး နေထိုင်ခဲ့ပါတယ်။

နောက်ပိုင်း အသက်အရွယ်အရ ကျန်းမာရေးချို့တဲ့လာတဲ့ မိဖုရားကြီးဟာ ခရစ်နှစ် ၁၈၉၄ ခု၊ စက်တင်ဘာလ ၃၀ ရက်မှာ မော်လမြိုင်မြို့က ဆရာကြီး ဦးရန်၊ ဘုရားဒါယကာ ဦးစိတ္တ၊ ကျောင်းဒါယကာ ဦးပန်းနှင့် စာရေးမောင်ထွန်းတို့ရှေ့မှာ သေတမ်းစာ ရေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=639,h=556,q=100/90/907ad0d963ed7a505b4d80ecf24d4f6629499d94.jpg

အဲ့ဒီသေတမ်းစာမှာတော့ သူမရှိတော့တဲ့နောက်ပိုင်း သူပိုင်မြေ အရှေ့အနောက် ၁၅၇ တောင်၊ တောင်မြောက် ၁၁၄ တောင်ထဲမှ မြေပေါ်သစ်ပင်တွေကနေ ရရှိတဲ့ ငွေကြေးများကို သင်္ဂဇာဆရာတော်ဘုရားကြီးရဲ့ ပြာသာဒ်စေတီတည်ထားရာမှာ အသုံးပြုဖို့  ရတနာဘုံမြင့်ကျောင်းနှင့် အိမ်တော်ရာကျောင်းမှာ သီတင်းသုံးနေကြတဲ့ ရဟန်းသံဃာတော်များအတွက် ပစ္စည်းလေးပါး လှူဒါန်းကြောင်း ဆိုပါတယ်။

https://s9.kh1.co/__image/w=166,h=303,q=100/62/62d1873c5f7369839c4fe8fe08e8a5349e1bbbbc.jpeg

မိမိနေထိုင်ရာ အိမ်ကိုလည်း ကျောင်းအဖြစ်လှူဒါန်းပြီး အိမ်တွင်း ပရိဘောဂများ ၊ အိမ်ရဲ့ တောင်ဘက်မှာရှိတဲ့ အလျား ၁၉၇ တောင်ရှည် ကျောက်တန်းတံတားကိုလည်း ဖြတ်လမ်းတိုအဖြစ်၊ အိမ်ဝင်းအတွင်းရှိ ရေတွင်း ၂ တွင်းကိုလည်း အများပြည်သူများ သုံးဖို့ လှူဒါန်းခဲ့ပါတယ်။

https://s9.kh1.co/__image/w=225,h=225,q=100/b2/b243db3283931ea6d1570259b585679e706cb932.jpeg

အဲ့ဒီနောက် စိန်တုံးမိဖုရားကြီးဟာ သီလရှင်အဖြစ် ကူးပြောင်းခဲ့ပြီး ခရစ်နှစ် ၁၉၀၅၊ မတ်လမှာ မော်လမြိုင်၌ ကံကုန်တော်မူသွားခဲ့ပါတယ်။ သူ့ရဲ့ ရုပ်ကလာပ်တော်ကိုတော့ သူနေထိုင်ရာ သီလရှင်ကျောင်းမှာပဲ ပြဿဒ်ဘုံး ဂူသွင်း သင်္ဂြိုဟ်ထားခဲ့ကြပါတယ်။

https://s9.kh1.co/__image/w=300,h=168,q=100/a7/a709452eb9b1f197dc2e4465640cb96584d5d977.jpeg

ဘဝနေဝင်ချိန်အထိ ပိုင်ဆိုင်သမျှကို အလှူရေစက်လက်နဲ့မကွာ ရက်ရက်ရောရော လှူဒါန်းခဲ့တဲ့ စိန်တုံးမိဖုရားကြီးရဲ့ ဂုဏ်သတင်းကတော့ မြန်မာ့သမိုင်းမှာ ထင်ရှားစေခဲ့ပါတယ်။ လက်ရှိမှာ စိန်တုံးမိဖုရားကြီးရဲ့ ကျောင်းတော်က နှစ်ပေါင်း ၁၂၀ ကျော်သက်တမ်းရှိပြီး ယနေ့အချိန်ထိ မပျက်စီးသေးဘဲ ခမ်းနားထည်ဝါစွာ ရှိနေဆဲပါ။

သတင်း အရင်းအမြစ်Source - Wikipedia

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T