အခုခေတ်မှာ လူတွေဟာဆက်ဆံရေးတစ်ခုတည်ဆောက်ပြီးနေရတာထက် တစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေရတာကို ပိုသဘောကျလာကြပါတယ်။ တစ်ချိူ့ကတော့ Single တမင်အဖြစ်နေကြတာဖြစ်ပေမဲ့ မရည်ရွယ်ဘဲ အချိန်အကြာကြီး Single ဖြစ်နေသူတွေလည်းရှိပါတယ်။ ဒီလို Single ဖြစ်နေရခြင်းအကြောင်းရင်းတွေကိုဖော်ပြပေးသွားပါမယ်။
(၁) ဒိတ်လုပ်တာတွေအတွက်အချိန်မပေးနိုင်တာ

လူအများစုက သူတို့ရဲ့ရှုပ်ထွေးတဲ့နေ့စဥ်ဘဝမှာချစ်သူထားပြီးဒိတ်လုပ်ဖို့အချိန်မပေးချင်တာကြောင့် Single အဖြစ်ပျော်ပျော်ကြီး နေတတ်ကြပါတယ်။
(၂) သူစိမ်းလူနှင့်ပတ်သက်ရမှာကိုစိုးရိမ်နေတာ

ကိုယ်ရဲ့နေ့စဥ်ဘဝထဲမှာ သူစိမ်းတစ်ယောက်ပါဝင်ပတ်သက်လာမှာကိုစိုးရိမ်တာအပြင် ချစ်သူထားဖို့ကြောက်တာတွေကလည်း တစ်ကိုယ်တည်းဖြစ်စေတဲ့အကြောင်းရင်းပါပဲ။
(၃) မျှော်လင့်ချက်မြင့်မားလွန်းတာ

မရင့်ကျက်တဲ့သူတွေလုပ်လေ့ရှိသလို ကိုယ့်ချစ်သူစံနှုန်းကမြင့်မားလွန်းနေတာ မတန်မရာဖြစ်နေတာတွေကလည်းချစ်သူမရှိနိုင်သေးတဲ့အကြောင်းရင်းဖြစ်ပါတယ်။
(၄) လူကောင်းနှင့်မတွေ့သေးတာ

သင့်အတွက် အဆင်ပြေတဲ့လူ ကောင်းမွန်တဲ့လူကိုမတွေ့သေးတာကလည်း သင် Single ဖြစ်နေရတဲ့အကြောင်းရင်းပါပဲ။
(၅) အတိတ်ကဒဏ်ရာတွေမပျောက်သေးတာ

အတိတ်ကဆက်ဆံရေးကြောင့် လမ်းခွဲဖူးထားတဲ့သူတွေဟာအချိန်အကြာကြီး စိတ်ဒဏ်ရာတွေနှင့်နေထိုင်တတ်ကြပါတယ်။ သူတို့ဟာအရင်ဆက်ဆံရေးရဲ့အကျိူးဆက်အနေနှင့် အသစ်တစ်ယောက်ထားဖို့ကိုသတိထားတတ်ကြတာကြောင့် Single အဖြစ်အချိန်အကြာကြီးရှိနေတတ်ကြပါတယ်။
(၆) တစ်ယောက်တည်းနေရတာကိုသဘောကျနေတာ

ဆက်ဆံရေးတစ်ခုတည်ဆောက်ရတာကိုမကြိုက်ဘဲ တစ်ယောက်တည်းနေရတာကိုပဲ နက်နက်ရှိုင်းရှိုင်းသဘောကျနေမိတာကလည်း တစ်ကိုယ်တည်းဖြစ်စေတဲ့အကြောင်းရင်းပါပဲ။ ဒီလိုလူတွေဟာ လူတွေနှင့်အနီးကပ်ဆက်ဆံရတာကိုဝန်လေးပြီးတော့ သူ့ဘဝထဲကိုတစ်ခြားသူဝင်လာမှာကိုမကြိုက်တတ်ကြပါဘူး။