ဒီကနေ့ မေလ (၂၆)ရက်နေ့ ၊ နံနက် (၁)နာရီ (၃၀) မိနစ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်း နဲ့ ချယ်လ်ဆီးအသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပြီး ဒီအသင်း နှစ်သင်း တွေ့ဆုံမှုဟာ ပရိသတ်တွေအကြားအတော်လေး ရေပန်းစားနေသလို လူစောင့်ကြည့်ခံခဲ့ရတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။

ပရိသတ်တွေစိတ်လှုပ်ရှားသလို ကစားသမားတွေကလည်း တအားကို စိတ်အားထက်သန်စွာနဲ့ ကြိုးစားနေမှုကို ဒီပွဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ ကစားပွဲရဲ့ အစပိုင်း (၉) မိနစ်မှာတင် သရဲနီအသင်းရဲ့ Tank ကြီးလို့ ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ ကတ်စမဲရိုးက အဖွင့်ဂိုးကိုသွင်းယူခဲ့သလို ပထမပိုင်း နာကျင်ချိန်ပို မှာတော့ ကတ်စမဲရိုး နဲ့ ဆန်ချို တို့ရဲ့ ပေးပို့မှုနဲ့အတူ မာရှယ် က ဒုတိယဂိုးကို သွင်းယူခဲ့တာပါ။

ပထမပိုင်းမှာ ထိခိုက်ဒဏ်ရာရရှိမှုတွေအနေနဲ့ အန်တိုနီ တစ်ယောက် ကစားပွဲမှ ချက်ချင်း အနားယူလိုက်တဲ့အထိကို ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ဘရူနိုဖာနန်ဒက်စ် က တစ်လုံး ၊ ရက်ရှ်ဖို့တ် က တစ်လုံး ထပ်မံသွင်းယူပြီး ချယ်လ်ဆီးအသင်းကို (၄-၁) နဲ့ ဂိုးပြတ်ကစားပြသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်း ရဲ့ ပရိသတ်တွေ ကတော့ အိပ်ရေးပျက်ရကျိုးနပ်တဲ့ မနက်ပါပဲ။






