Manifestation ဆိုတာ Positive Thinking နှင့် Law of attraction နည်းလမ်းကိုသုံးပြီး ကိုယ်လိုချင်တဲ့အရာတွေကိုရယူတဲ့နည်းလမ်းဖြစ်ပါတယ်။ စိတ်စွမ်းအားကိုသုံးပြီး ကိုယ်လိုချင်တဲ့အရာဝတ္ထုတွေ စိတ်ကူးတွေ အိမ်မက်တွေကို တစ်ကယ်ဖြစ်လာအောင်လုပ်ယူတဲ့နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းကိုဘယ်လိုသုံးမလဲဆိုတာကိုဖော်ပြပေးသွားပါမယ်။

(၁) ကိုယ်လိုချင်တာကိုသေချာဆုံးဖြတ်ထားပါ။
တစ်ကယ်လို့ကိုယ်က ဆိုင်ကယ်လိုချင်တယ်ဆိုရင် ဘယ်အမျိူးအစားဘယ်အရောင် ဘယ်တံဆိပ် ဆိုပြီးအတိအကျသတ်မှတ်ထားရပါမယ်။ ဒီလိုတိတိကျကျမှတ်ထားတာဟာ ကိုယ့်ဆန္ဒတွေကိုပိုသေချာစေပြီး ဆန္ဒတွေမြန်မြန်ပြီးမြောက်ဖို့ အထောက်အကူဖြစ်စေပါတယ်။

(၂) အကောင်းမြင်စိတ်ထားပါ။
ကိုယ်လိုချင်တဲ့အရာကိုသေချာသိပြီဆိုရင် အဲ့ဒါနှင့်ပတ်သက်တဲ့ကောင်းတဲ့အတွေးတွေကိုပဲတွေးရပါမယ်။ မဖြစ်နိုင်ဘူးဆိုတဲ့အတွေးတွေမတွေးဘဲ ကောင်းတဲ့ဖက်ကနေပဲတွေးတောစိတ်ကူးပါ။ ဥပမာ ကိုယ်လိုချင်နေတဲ့ ပစ္စည်းကိုသုံးနေတဲ့ကိုယ့်ရဲ့ပုံရိပ်တွေကို စိတ်ကူးယဥ်တာ၊ ရလာခဲ့ရင်ဘယ်လိုအသုံးပြုမယ်ဆိုတာကို ကြိုတင်စဥ်းစားထားတာတွေဖြစ်ပါတယ်။

(၃) အလုပ်ကြိုးစားပါ။
ကိုယ့်ဆန္ဒတွေကို ပြည့်လာစေရမယ်ဆိုတဲ့စိတ်ထားနှင့်အရင်ကထက် ပိုပြီးစိတ်အားထက်သန်စွာနှင့်အလုပ်လုပ်ပါ။ ကိုယ်လိုချင်တာတွေဖြစ်လာမယ်ဆိုတာကိုလည်း အကြွင်းမဲ့ယုံကြည်ထားပြီးလက်ရှိအလုပ်ကိုလည်းအကောင်းဆုံးလုပ်ကိုင်ရပါမယ်။

(၄) ယုံကြည်မှုရှိပါ။
ကိုယ်စိတ်ကူးထားတဲ့ဆန္ဒနှင့် ကိုယ်ဟာထိုက်တန်မှုရှိတယ်လို့ယုံကြည်ထားပါ။ ပြီးတော့ လက်ရှိပိုင်ဆိုင်ထားတဲ့အရာတွေပေါ်် ကျေးဇူးတင်စိတ်ထားပြီးတော့ အရာရာကိုအကောင်းမြင်တတ်အောင်ကြိုးစားနေထိုင်ခြင်းက အကောင်းမြင်စိတ်ထားကိုတိုးလာစေပြီး Manifestation လုပ်တာကိုပိုမြန်မြန်အောင်မြင်စေပါတယ်။

(၅) အကူအညီပေးမဲ့သူတွေဘေးမှာနေထိုင်ပါ။
သင့်ရဲ့ဆန္ဒနှင့်စိတ်ကူးတွေကို ယုံကြည်ပေးပြီးအားပေးမဲ့သူတွေဘေးမှာပဲနေထိုင်ပါ။ ဒီလိုလူတွေဟာ သင့်ရဲ့ဆန္ဒကိုလေးစားပေးမဲ့အပြင် သင်လိုအပ်နေတဲ့အကူအညီနှင့် အကောင်းမြင်စိတ်တွေဖြစ်ပေ်လာအောင်လည်းကူညီပေးနိုင်ပါတယ်။ တစ်ကယ်လို့သင့်ဘေးနားကသူတွေက သင့်စိတ်ကူးတွေကိုမလေးစားပေးဘူးဆိုရင် သင်ကိုယ်တိုင်အနေနှင့်လည်း အကောင်းမြင်စိတ်တွေလျော့ပါးလာပြီး Manifestation လုပ်တာကိုကျရှုံးသွားနိုင်ပါတယ်။