ငါးချဉ်စပ်ဟင်းလေး လုပ်စားကြမယ်

//s9.kh1.co/ab/ab382285dd4b343f0f2586e4d26f96e15ee13214.jpg
MPT Lifestyle

 ၂၆-မေ-၂၀၂၃ ၉am · လွန်ခဲ့သော ၃ နှစ် က

အရမ်းစားလို့ကောင်းလို့ နောက်ဆို ငါးမှငါးဖြစ်သွားစေရမယ်…

ငါးချဉ်စပ်ဟင်းလေး လုပ်စားကြမယ်

ငါးကို အရိုးများလို့ မကြိုက်ဘူး။ ငါးကို စားရတာ ညှီလို့မကြိုက်ဘူး၊ ငါးဆိုရင် နွှင်စားရတာ စိတ်မရှည်လို့ မကြိုက်ဘူးဆိုတဲ့ သူတွေအတွက် ဒီတစ်ခေါက်မှာတော့ ဒီလို ပြစ်ချက်တွေနဲ့ လုံးဝကို ကင်းတဲ့ ငါးချဉ်စပ် ဟင်းလေး လုပ်စားကြည့်မယ်နော်… အရမ်းစားလို့ကောင်းလို့ နောက်ဆို ငါးမှငါးဖြစ်သွားစေရမယ်…

https://s9.kh1.co/__image/w=612,h=345,q=100/26/26dc924cccb48478bcf90594f38262dfc17124b6.jpg

ကဲ အခု ပဲအတူတူ လိုက်ချက်ကြည့်ရအောင်

ပါဝင်ပစ္စည်းများ

ငါးကြင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအကြတ်မှုန့် ၊ နှမ်း၊ မြေပဲ၊ ဆီ၊ နံနံပင်၊ ကြက်သွန်မြိတ်၊ သကြား၊ ဆား၊ ပဲငံပြာရည်အကြည်၊အနောက်

ပြုလုပ်ပုံအဆင့်ဆင့်

https://s9.kh1.co/__image/w=500,h=500,q=100/53/53b57ca8d886558dc50bb8cd34cd1fb16d611236.jpg

ဒီနေရာမှာ ငါးကြင်းဖြူကို အသုံးပြုပါမယ်။ အသားများပြီး အရိုးနည်းလို့ လုပ်ရတာလွယ်ပါတယ်။

ငါးများကို အသားလေးတွေချည်းကိုယ်လိုသလို တုံးထားပါ။

ပြီးရင် ပြောင်းကော်မှုန့်နဲ့ နယ်ပြီး ပြုတ်လိုက်ပါ။ ရေနည်းနည်းနဲ့ ရေခမ်းအောင်ပြုတ်ပါ။ ဒါမှ ငါးရဲ့အချိုမပျောက်မှာပါ။ ပြုတ်တာကျက်ရယ် ပန်းကန်ထဲ ထည့်ထားပါ။

ဆီအနည်းငယ်ကို ချက်ထားပါ

ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးအကြတ်မှုန့်၊နှမ်း ၊ မြေပဲ ၊ ကြက်သွန်မြိတ်၊ နံနံပင် တို့ကို ကြိတ်ထားပါ၊

https://s9.kh1.co/__image/w=650,h=975,q=100/0b/0b1282a75e2a26344d7d9ead616a035083f69468.jpg

ကြိတ်ထားတဲ့အစာတွေကို ပန်းကန်တစ်လုံးထဲထည့်ပါ။ ဆားအနည်းငယ်၊ ပဲငံပြာအရည် အကြည်၊အနောက်အနည်းငယ်၊ သကြားအနည်းငယ်တို့ကိုလောင်းထည့်ပါ။ ပြီးရင်သံပုရာသီးညှစ်ထည့်လိုက်ပါ။

အားလုံးထည့်ပြီးသွားမှ အပေါ်ကနေ ပွက်ပွက်ဆူနေသော ဆီကိုလောင်းထည့်ပါ။ မွှေလိုက်ပါ။

ငါးပေါ်ကို ဆီနဲ့အစာများရောထားတဲ့အနှစ်ကိုလောင်းတင်လိုက်ပါ။ ဒါဆိုရင်အရသာရှိတဲ့ငါးချဉ်စပ်လေးရပါြပီ

အရမ်းစားကောင်းပြီး အရိုးမပါလို့ လုပ်စားကြည့်နော်

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T