လူတွေက အချစ်ဦးကိုဘာလို့မမေ့နိုင်တာလဲ?

//s9.kh1.co/92/92e7edf157d68e3adc8033c0bc193d7737f5a504.jpg
MPT Lifestyle

 ၂၅-မေ-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

လူတွေက အချစ်ဦးကိုဘာလို့မမေ့နိုင်တာလဲ?

အချစ်ဦးကိုမြေးဦးရတဲ့အထိ မမေ့နိုင်ဘူးဆိုတဲ့ ဆိုရိုးစကားအတိုင်းပါပဲ။ လူတွေအတွက်မေ့ဖို့အခက်ဆုံးအချစ်ဟာ ပထမဆုံးချစ်ခဲ့ဖူးတဲ့အချစ်ပဲဖြစ်ပါတယ်။ ဒီလိုလွယ်လွယ်မေ့လို့မရတဲ့ အကြောင်းရင်းတွေကလည်း တစ်ကယ်ကိုအများကြီးရှိပါတယ်။

https://s9.kh1.co/__image/w=650,h=409,q=100/cb/cb67810ba776aa4b1580ef6834431aece664392f.jpg

အချစ်ဦးဆိုတာ များသောအားဖြင့်ငယ်ရွယ်ချိန်မှာတွေ့ခဲ့တာဖြစ်လို့ ကိုယ့်ရဲ့ပထမဆုံးဆိုတဲ့အရာတွေဟာအချစ်ဦးနှင့်ပဲစတင်ခဲ့ရတာဖြစ်ပါတယ်။ လူတွေရဲ့မှတ်ဉာဏ်က ပထမဆုံးဆိုတဲ့အရာမျိူးကိုသေချာမှတ်သားတတ်တဲ့အပြင် ပထမဆုံးအချစ်ဖြစ်တာကြောင့် သင့်အနေနှင့်အရာရာကဆန်းသစ်နေပြီးကမ္ဘာသစ်တစ်ခုကိုရောက်သွားသလိုဖြစ်နေခဲ့တာကြောင့် ပိုမှတ်မိနေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/ee/ee9090f8dd6489c0d764ac498587428c0108262f.jpg

ပြီးတော့ ပထမဆုံးအချစ်ဆိုတာအချစ်တစ်ခုသက်သက်နှင့်ပဲ စတင်ခဲ့တာဖြစ်တာကြောင့် အဖြူစင်ဆုံးနှင့်အသန့်ရှင်းဆုံးအချစ်လည်းဖြစ်ပါတယ်။အချစ်ဦးဖြစ်တာကြောင့် ငယ်ရွယ်မှုရဲ့သင်္ကေတလည်းဖြစ်ပါတယ်။ ဒါ့အပြင် အချစ်ဦးနှင့်မှ အတွေ့အကြုံအသစ်တွေ ခံစားမှုအသစ်တွေကိုစတင်ခံစားခဲ့ရတာဖြစ်တာကြောင့် အရာအားလုံးရဲ့ပထမက အချစ်ဦးနှင့်ပဲသက်ဆိုင်နေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=435,q=100/f5/f5996a829afec12e513bf0af58714d6dad2a80a0.jfif

လူအများစုရဲ့ပထမဆုံးအချစ်ဟာဘယ်တော့မှပျော်ရွှင်စရာဇာတ်သိမ်းနှင့်မကြုံတွေ့ရပါဘူး။ အကြောင်းကတော့ ပထမဆုံးအချစ်ရဲ့လမ်းခွဲမှုဟာ ပတ်ဝန်းကျင် ဒါမှမဟုတ်ရင် နှစ်ယောက်သားရဲ့ပြဿနာတွေကြောင့်ဖြစ်တတ်တာဖြစ်ပါတယ်။ပြီးတော့ အချစ်ဦးကိုမမေ့နိုင်ရခြင်းအဓိကအကြောင်းရင်းတစ်ခုက အသည်းကွဲတာကိုပြင်းပြင်းထန်ထန်ခံစားဖူးတာကြောင့်လည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/4a/4a40f0cf68e5922116969d6e669305f86d52401a.jfif

ပထမဆုံးအကြိမ်လမ်းခွဲမှုဟာလူတွေကိုအများကြီး နာကျင်စေတတ်ပါတယ်။ ပြီးတော့ အများကြီးလည်းရင့်ကျက်လာစေပါတယ်။ ပြီးတော့ ပထမဆုံးအချစ်ဆိုတာက လူတစ်ယောက်ရဲ့ဘဝမှာတစ်ခါသာဖြစ်နိုင်တဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် အချစ်ဦးကိုလွယ်လွယ်မေ့နိုင်ဖို့ခက်ခဲခြင်းက လူတိုင်းအတွက်ဘာဝဖြစ်စဥ်တစ်ခုသာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=610,h=406,q=100/bd/bd1d70744067d939470a6e307efd63f57d411567.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T