မန်ချက်စတာယူနိုက်တက်အသင်း ဟာ လာမယ့်ပရီးမီးယားလိဂ်ရာသီမှစလို့ အသင်းသားအသစ်တွေ ခေါ်ယူဖို့ ကြိုးစားနေခဲ့တာပါ။ အဲ့သလို ကြိုးစားနေမှုတွေထဲမှာ ချယ်လ်ဆီးအသင်း ရဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ အသက် (၂၄)အရွယ် သာ ရှိသေးတဲ့ Mason Mount လည်း အပါအဝင်ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်း ရဲ့ ကွင်းလယ်ကစားသမား တစ်ဦးဖြစ်တဲ့ Mason Mount ဟာ ချယ်လ်ဆီး အသင်း နဲ့ (၂၀၂၄) ရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်တယ်လို့ သိရပြီး စာချုပ်အကုန်မှာ အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေကြောင်းသိရပါတယ်။ Mason Mount ကို အာဆင်နယ် ၊ လီဗာပူးလ် အသင်း နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေအားလုံးက စိတ်ဝင်စားနေကြတယ်ဆိုပေမယ့် Mason Mount ကိုယ်တိုင်ကိုက မန်ချက်စတာယူနိုက်တက်အသင်း ကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

လာမယ့်နွေရာသီ ဈေးကွက် မှာ မန်ချက်စတာယူနိုက်တက်အသင်း ကို လာရောက်ပြောင်းရွှေ့ကစားချင်နေတဲ့ Mason Mount ဟာ မန်ချက်စတာယူနိုက်တက်အသင်း နဲ့ ပြောင်းရွှေ့ကြေး ကိစ္စတွေ ညှိနှိုင်းဆွေးနွေးပြီးလို့ အဆင်ပြေပြီဆိုတာနဲ့ ချက်ချင်းပဲ အသင်းပြောင်းဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ လည်းသိရပါတယ်။ လောလောဆယ်တော့ မနက်ဖြန် သောကြာနေ့ မနက် (၁း၃၀)နာရီမှာတော့ အသင်းပြောင်းချင်နေတဲ့ Mason Mount က မန်ချက်စတာယူနိုက်တက်အသင်းနဲ့ယှဉ်ပြိုင်ကစားရဦးမှာပါ။

Source - dailymail





