ကိုယ့်ဘေးကသူက သူငယ်ချင်းကောင်းတစ်ယောက်လား ဆိုတာကို ဘယ်လိုသိနိုင်မလဲ?

//s9.kh1.co/23/232e27d918d442e3ed03992b5208e936534237ea.jpg
MPT Lifestyle

 ၂၄-မေ-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ကိုယ့်ဘေးကသူက သူငယ်ချင်းကောင်းတစ်ယောက်လား ဆိုတာကို ဘယ်လိုသိနိုင်မလဲ?

သူငယ်ချင်းကောင်းတွေဆိုတာ ရွှေတွေထက်ရှားပါးပြီး ရဖို့ခက်ခဲတဲ့ရတနာတွေလိုပါပဲ။ အသိမိတ်ဆွေတွေအများကြီးရှိနိုင်ပေမဲ့ တစ်ကယ့်သူငယ်ချင်းကောင်းဆိုတာမျိူးကတော့ရှားပါးလွန်းပါတယ်။ လူသားတွေဟာကိုယ့်အကျိုးကိုပဲအများဆုံးကြည့်တတ်တဲ့သူတွေဖြစ်တာကြောင့် ကိုယ့်အပေါ်တစ်ကယ်ကောင်းတဲ့ မိတ်ဆွေသူငယ်ချင်းဆိုတာ ဘယ်လိုလူမျိူးလဲ? ကိုယ့်ဘေးမှာရှိနေတဲ့သူကတစ်ကယ့်မိတ်ဆွေကောင်းလားဆိုတာကိုသိနိုင်မဲ့ အချက်လေးတွေကိုဖော်ပြပေးသွားပါမယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/f3/f36ee19191ad889302d1ad9c918ac4dadbfaadeb.jpg

သူငယ်ချင်းကောင်းတွေဟာ ကိုယ့်ကိုအများကြီးနား‌လည်ပေးတတ်ကြသလို ကိုယ်ချင်းလည်းစာတတ်ကြပါတယ်။ အမြင်မတူရင်‌တောင်မှ ကိုယ့်ဖက်ကိုနားလည်ပေးနိုင်ကြသလိုကိုယ်မြင်သလိုပါလိုက်မြင်ပေးနိုင်ကြပါတယ်။ ပြီးတော့ သူတို့ဟာသင့်အပေါ်ကိုဘာမျှော်လင့်ချက်တွေမှမထားဘဲ အမြဲတမ်းကူညီပေးကြပါတယ်။ သူတို့အ တွက်သင်ပျော်ရွှင်ဖို့နှင့် အဆင်ပြေဖို့ကသာတစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/09/090dfe7733df279d81dd9f84fdc5a1c7c6313227.jpg

ပြီးတော့ တကယ့်သူငယ်ချင်းကောင်းဟာသင့်နောက်ကွယ်မှာ ဘယ်တော့မှသင့်မကောင်းကြောင်းမပြောပါဘူး။ အတင်းပြောတာဟာလူတွေရဲ့အကျင့်တစ်ခုဖြစ်ပေမဲ့ သူငယ်ချင်းကောင်းတွေကတော့ သင့်အတင်းကိုပြောလေ့မရှိကြပါဘူး။ ဒါ့အပြင် သူတို့ဟာသင့်ဆီကနေမဖြစ်နိုင်တဲ့တောင်းဆိုမှုတွေ သင်မတတ်နိုင်တဲ့အရာတွေကိုရယူဖို့ ကြိုးစားလေ့မရှိပါဘူး။

https://s9.kh1.co/__image/w=600,h=400,q=100/5a/5abd633152a9cb6111b75c849c7e8d88b34b6a71.jpg

လူသားတွေဟာသူတစ်ပါးကိုဝေဖန်ရတာကိုအကြိုက်တွေ့တတ်ကြပေမဲ့ သူငယ်ချင်းကောင်းတွေကတော့ ကိုယ့်မိတ်ဆွေတွေအပေါ်ဘယ်တော့မှမဝေဖန်ပါဘူး။ သင့်ရွေးချယ်မှု သင့်ရုပ်ရည်အသွင်အပြင် နှင့် သင့်ရဲ့ကျရှုံးမှုတွေကိုတောင်မှ သူတို့ဟာမဝေဖန်တတ်ကြပါဘူး။ သူတို့ဟာသင့်ကိုအမြဲယုံကြည်ပြီး သင့်ရဲ့နဂိုပုံစံတွေအကုန်လုံးကိုလက်ခံပေးနိုင်ကြတဲ့သူတွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/f9/f996b860d5b655635e3f3c9537df94778e900612.jpg

ဒါ့အပြင် မနာလိုဝန်တိုမှုဆိုတာ သူငယ်ချင်းကောင်းတွေရဲ့စိတ်ထားတွေမှာမပါပါဘူး။ သူတို့ဟာသင့်ရဲ့အောင်မြင်မှုအကုန်လုံးကိုထပ်တူထပ်မျှဝမ်းသာပေးနိုင်ကြသလို သင့်ရဲ့ပျော်ရွှင်မှုအကုန်လုံးကိုလည်းခံစားနားလည်ပေးတတ်ကြပါတယ်။ ပျော်ရွှင်ရတဲ့ကိစ္စတွေကိုသင်နှင့်ထပ်တူပျော်ပေးနိုင်သလို ဝမ်းနည်းစရာဆိုရင်လည်းသင့်လိုပဲဝမ်းနည်းပေးနိုင်တဲ့သူငယ်ချင်းဟာ တစ်ကယ်ကိုရှားပါးပြီးကောင်းမွန်တဲ့ သူငယ်ချင်းပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=474,h=316,q=100/1f/1f302a9812d6bd62332bd1c3050e20a950ec3a79.jfif
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T