ဦးရေပြား အနံ့ဆိုးထွက်ခြင်းကို ဖြေရှင်းနည်း

//s9.kh1.co/65/6563b47b756c224a18fb72701d01803e5fcbd5ee.jpg
MPT Lifestyle

 ၂၄-မေ-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ဦးရေပြားအနံ့ဆိုးထွက်ခြင်းကိုဖြေရှင်းနည်း

ဦးရေပြားကနေထူးဆန်းတဲ့အနံ့ဆိုးတွေထွက်နေတာဟာ လူတိုင်းနီးပါးကြုံဖူးကြတဲ့ပြဿနာတစ်ရပ်ပါ။ ဦးရေပြားကအနံ့ထွက်နေတယ်ဆိုရင် သူနှင့်ဆက်စပ်ပြီးဆံပင်တွေကပါ အနံ့ထွက်တာကြောင့် တကယ်အဆင်မပြေဖြစ်စေတတ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ အမှန်တော့ဒီလိုဖြစ်တဲ့ရောဂါလို့ဆေးပညာအရအမည်တိတိကျကျတပ်ထားတာမရှိပေမဲ့ လူတွေကအလွယ်နည်းနှင့်ဦးခေါင်းကနေထူးဆန်းတဲ့အနံ့ဆိုးရလာရင်ဦးရေပြားအနံ့ဆိုးထွက်တဲ့ရောဂါလို့ခေါ်ကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=510,h=510,q=100/af/afb93adc8a1eb5978aecbf056669b23f5b29d7f2.jpg

ဒီလိုအနံ့ဆိုးထွက်ရခြင်းကအကြောင်းရင်းအများကြီးရှိနေနိုင်ပါတယ်။ အတွေ့ရများတာကတော့ ခေါင်းလျှော်ရည်လိုမျိူးအသုံးအဆောင်တစ်ခုခုနှင့်ဓာတ်မတည့်တာကနေအနာဖြစ်ပြီး အနံ့ထွက်တာ နှင့် ဦးရေပြားရောဂါဖြစ်လို့အနံ့ထွက်တာတွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/49/49379146f9a82840bbbfb82db3a95434d6fe7a99.webp

ဒါပေမဲ့ ဗောက်တွေ နှင့် ဆံပင်အဆီသာမာန်ထက်များတာကလည်း ဦးရေပြားလေပေါက်ကိုပိတ်စေပြီး အနံ့ဆိုးထွက်လာအောင်လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် စားသောက်တဲ့အစားအစာတွေကြောင့်လည်းအနံ့ဆိုးထွက်လာနိုင်သလို ချွေးနှင့်ဆေးလိပ်သောက်ခြင်းတွေကလည်း အနံ့ဆိုးကိုဖြစ်စေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=367,q=100/28/2861578dd659715194a82a0ac8809c719304b978.jpg

ဆေးပညာအရတော့ ဒီလိုအနံ့ဆိုးထွက်လာရင်ဦးရေပြားအတွက်သင့်တော်တဲ့ခေါင်းလျှော်ရည်နှင့် ဆေးတွေကိုသုံးစွဲပေးရပါတယ်။ အိမ်တွင်းဆေးနည်းတွေအနေနှင့်တော့ တစ်ကိုယ်ရည်သန့်ရှင်းရေးဖြစ်တဲ့ခေါင်းလျှော်တာကိုပုံမှန်လုပ်ဆောင်ပေးတာ အုန်းဆီနှင့်ရှားစောင်းလက်ပတ်တွေအသုံးပြုပြီးဆံပင်အဆီထိန်းတာတွေလုပ်ဆောင်နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=341,q=100/83/8358e4cc6d5652a2e76a16b4811c1ab8d6465c9e.webp

အနံ့ပြင်းတဲ့အစားအသောက်နှင့် ချွေးထွက်များခြင်းကလည်း ဦးရေပြားအတွက်အနံ့ဆိုးဖြစ်လာစေတဲ့အကြောင်းရင်းတွေဖြစ်တာကြောင့် အနံ့မနံဖို့ဆို အစားအသောက်ပုံစံကိုပါပြောင်းရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဗောက်နှင့်ဆံပင်အဆီတွေကိုထိန်းနိုင်ဖို့ ရေများများသောက်ပြီး ပုံမှန်သန့်ရှင်းရေးလုပ်ပေးခြင်းကလည်း ဦးရေပြားအနံ့ထွက်လာတာကိုကြိုတင်ကာကွယ်နိုင်တဲ့အဓိကအချက်တွေဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T