သင့်ချစ်သူကောင်လေး ဖောက်ပြန်နေတာကိုဘယ်လိုသိနိုင်မလဲ?

//s9.kh1.co/1b/1be7a1f7ffa166afcbf0800fe96d1f6cf10ec524.jpg
MPT Lifestyle

 ၂၄-မေ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

သင့်ချစ်သူကောင်လေး ဖောက်ပြန်နေတာကိုဘယ်လိုသိနိုင်မလဲ?

ချစ်သူရည်းစားအတွဲတွေတိုင်းဟာ တစ်ယောက်ကိုတစ်ယောက်အပြည့်အဝယုံကြည်မှု နားလည်မှုပေးနိုင်မှသာအဆင်ပြေတဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ တစ်ဖက်ဖက်က စပြီးယုံကြည်မှုကိုအလွဲသုံးစားလုပ်လာတာနှင့် ဆက်ဆံရေးတွေဟာတစ်ဖြည်းဖြည်းချင်းပျက်စီးသွားနိုင်ပါတယ်။ ဒီနေ့မှာတော့ ကိုယ့်ချစ်သူကောင်လေးဖောက်ပြန်နေတာလား ကွယ်ရာမှာမဟုတ်တာတွေလုပ်နေတာလား ဆိုတာကို သိသာစေတဲ့အချက်လေးတွေကိုဖော်ပြပေးသွားပါမယ်။

https://s9.kh1.co/__image/w=650,h=650,q=100/ff/ffc4c969a69636aad84e7bdac3bbae5eca5a3fd0.jpg

(၁) ဖုန်းနှင့်ဆိုရှယ်မီဒီယာသုံးစွဲပုံမူမမှန်တာ

သင့်ကောင်လေးဟာ ညနက်တွေမှာဖုန်းခေါ်ရင်ဖုန်းမအားသေးပါဆိုတာတွေ အတူရှိနေချိန်မှာတောင်မှ ဖုန်းကိုအမြဲကြည့်နေတတ်တွေဟာ ဖောက်ပြန်မှုတွေရဲ့အစဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဖုန်းလာရင်အဝေးကိုထွက်သွားပြီးစကားသွားပြောတာ အရင်ကထက်ပိုပြီးအလုပ်ဖုန်းဆိုတာမျိူးတွေပြောလာပြီဆိုရင်တော့ သတိထားရမဲ့အကျင့်ဖြစ်နေပါပြီ။ ပြီးတော့ ဆိုရှယ်မီဒီယာကို ပုံမှန်သုံးနေကျလိုမဟုတ်ဘဲ ပို့စ်တွေဖျက်တာ Mydayတွေမှာသာမာန်မဟုတ်တဲ့ပုံလေးတွေတင်နေတာဆိုရင်တော့ သူ့ကိုသေချာဂရုတစိုက်မေးသင့်နေတဲ့အဆင့်ရောက်နေပါပြီ။

https://s9.kh1.co/__image/w=400,h=267,q=100/45/4514a025b104b1475dcfcefd03521a9d5a511cc2.jpg

(၂) သင့်ကိုစွပ်စွဲလွန်းနေတာ 

ဖောက်ပြန်တဲ့သူအများစုဟာ သူတို့အပြစ်အတွက် ကိုယ်တိုင်စိတ်မလုံတတ်ကြတာကြောင့် သူများတွေအပြစ်ကိုအတင်းရှာပြီး ယိုးမယ်ဖွဲ့တတ်ကြပါတယ်။ သင့်ရဲ့ပုံမှန်အပြုအမူတွေကို တရားလွန်ယုန်ထင်ကြောင်ထင်တွေ ပြောပြီးသူတို့အပြစ်မရှိဘူးလို့ခံစားရအောင်လုပ်တတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/81/81d7e3c37bd145f55acbdd436e7c55429968cfac.jpg

(၃) အပြုအမူတွေပြောင်းလဲလာတာ

သင်နှင့်အတူချိန်းထားတဲ့နေရာကိုနောက်ကျတတ်လာတာ၊ ဝတ်စားဆင်ယင်ပုံတွေပြောင်းလဲလာတာ နှင့်အလုပ်တွေပုံမှန်ထက်ပိုများလွန်းလာတာတွေကလည်း သတိထားရမဲ့အချက်ပါပဲ။ ဖောက်ပြန်သူအများစုဟာ အလုပ်ကိုအကြောင်းပြပြီး သူတို့ရဲ့မကောင်းမှုကိုဖုံးကွယ်တတ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=419,q=100/42/42a65a44c7524e2e1308355d4bb2ba154fc55ebf.jpg

(၄) ပြဿနာခဏခဏရှာနေတာ 

ဘာမှမဟုတ်တဲ့ပြဿနာအသေးလေးတွေကအစ ပြန်ပြန်ပြောပြီး လမ်းခွဲဖို့ကိုဦးတည်နေတဲ့စကားတွေကိုပြောနေပြီဆိုရင်တော့ သူ့မှာ တစ်ခြားတစ်ယောက်ရှိနေတာသေချာသလောက်ဖြစ်နေပါပြီ။ သင်သဘောမတူတဲ့ သဘောမကျတဲ့ကိစ္စတွေကိုပဲ ထပ်သလဲလဲပြောနေတတ်တာတွေ ပြဿနာကိုမီးထွန်းရှာနေတာတွေက သူ့အမှားတွေကိုဖုံးကွယ်ဖို့ လမ်းစရှာနေတာလို့ပြောနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/f9/f97ff4a85ea0dc09cd505e52cbfe5e0e28bfb80c.jpeg

(၅) သင့်ရဲ့အပြုအမူတွေတစ်ခုချင်းကိုအကဲဖြတ်လာတာ

ဖောက်ပြန်သူအများစုဟာ သူတို့အပြစ်ကိုဖုံးကွယ်ဖို့ရော သူတို့ကိုယ်တိုင်ရဲ့စိတ်လုံခြုံမှုရဖို့အတွက်ပါရည်ရွယ်ပြီး တစ်ဖက်လူရဲ့အပြစ်ကိုစေ့စေ့စပ်စပ်လိုက်ရှာတတ်ကြပါတယ်။ သင့်ရဲ့ပုံမှန်အပြုအမူတွေနှင့်  အမြဲတမ်းလုပ်နေကျ အကျင့်လေးတွေဟာသူ့အတွက်စိတ်ပျက်စရာ စိတ်ညစ်စရာတွေဖြစ်လာတဲ့အပြင် အတိတ်က ပြဿနာတွေကိုမပြိးနိုင်မစီးနိုင်ပြန်ပြန်ပြောနေတတ်ပါလိမ့်မယ်။ ပြီးတော့ သူဖောက်ပြန်ရတာက သင့်ရဲ့ယုံကြည့်မှုမရတာကြောင့် ဆိုတဲ့အကြောင်းပြချက်မျိူးစုံကိုပြောပါလိမ့်မယ်။

ဒီအချက်တွေဟာ ပညာရှင်တွေကလူပေါင်းရာနဲ့ချီပြီး မေးခွန်းမေးပြီးစစ်တမ်းလုပ်ထားတာဖြစ်ပါတယ်။ ဖောက်ပြန်တဲ့သူအများစုဟာ တစ်ပုံစံတည်းပဲပြုမူလေ့ရှိကြတဲ့အပြင် အများစုဟာဖောက်ပြန်ခဲ့တာကို အပြစ်ရှိစိတ်မခံစားရအောင် တစ်ဖက်ပါတနာအပေါ်အပြစ်တွေ ပုံချလေ့ရှိကြတယ်လို့လည်းသိရပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T