သင့် စိတ်ဓာတ်တွေကျနေပြီဆိုတာကို ပြော‌ပြနေတဲ့အချက်များ

//s9.kh1.co/fd/fd8581e2f661e766ec34441e2dd671610cce878b.jpg
MPT Lifestyle

 ၂၄-မေ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

စိတ်ဓာတ်ကျနေပြီဆိုတာကို ပြော‌ပြနေတဲ့အချက်တွေ

 လူအများစုဟာသူတို့ဆီမှာ စိတ်ကျနေတာကိုမသိကြတဲ့အပြင် ပုံမှန်လူလိုပဲအတင်းကြိုးစားနေထိုင်ရင်းနောက်ဆုံးမှာ ‌မကောင်းတဲ့လမ်းတွေကိုရွေးချယ်မိတတ်ကြပါတယ်။ ဒီလိုအန္တရာယ်များတဲ့ စိတ်ဓါတ်ကျနေပြီဆိုရင် လူတွေလုပ်လေ့ရှိတဲ့အပြုအမူတွေကိုဖော်ပြပေးသွားပါမယ်။ 

(၁) အရင်ကကိုယ်သဘောကျခဲ့တဲ့အရာတွေကိုငြီးငွေ့လာတာ ဒါမှမဟုတ် စိတ်မဝင်စားတော့မျိူးဟာ စိတ်ဓာတ်ကျခြင်းရဲ့ကနဦးလက္ခဏာတွေထဲမှာပါဝင်ပါတယ်။ ပုံမှန်အချိန် ကိုယ်သဘောကျတဲ့အစားအစာ ဒါမှမဟုတ် သီချင်းတွေရုပ်ရှင်တွေက ဘာမှအဓိပ္ပါယ်မရှိတော့သလိုဖြစ်နေတာမျိူးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=474,h=315,q=100/4b/4b951799780febf2d544e09e91e5c20a5caaa884.jfif

(၂) အင်အားမရှိဘဲနွမ်းနယ်နေတတ်တာတွေ အရာရာကိုပျင်းရိပြီးငြီးငွေ့နေတာတွေကလည်း ဖြစ်နေနိုင်တဲ့အချက်တွေပါ။ အိပ်ရာကနိုးတာနှင့်ပင်ပန်းနွမ်းနယ်နေပြီး လောကကြီးကိုစိတ်ပျက်နေတတ်တာတွေ အသက်ရှင်နေရတာအဓိပ္ပါယ်မရှိသလိုဖြစ်နေတတ်တာတွေဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=474,h=248,q=100/41/41c1d7fd53749bb1bcb172d517c81cb17c9c122d.jfif

(၃) အဖြစ်အပျက်တွေကိုခဏခဏမေ့လျော့တာ ကိုယ်လုပ်ခဲ့တဲ့အရာတွေကိုပြန်စဥ်းစားဖို့ခက်နေတာ တွေကလည်း စိတ်ကျခြင်းကိုအစပျိူးရောက်ရှိနေပြီဖြစ်ကြောင်းသတိပေးတဲ့အပြုအမူတွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=929,q=100/16/165a00bf22714bdc1bec19b0c5a62d5478d16041.jfif

(၄) အိပ်စက်ခြင်းကလူသားတွေအတွက်အရေးကြီးတဲ့တာဝန်တစ်ခုပါ။ ဒီလိုအိပ်စက်တဲ့အချိန်မှာ လုံးဝအိပ်မပျော်တာ ဒါမှမဟုတ် ပုံမှန်ထက်ပိုပြီးအအိပ်လွန်နေတာတွေဟာ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာမှာပြဿနာရှိနေပြီဖြစ်ကြောင်း ပြောပြနေတဲ့အပြုအမူတွေဖြစ်ပါတယ်။

https://s9.kh1.co/__image/w=474,h=315,q=100/4a/4a0a96edf73257a3e54cf72cade238b7c189d5f7.jfif

(၅) ကိုယ်အလေးချိန်အတက်အကျများနေတာတွေနှင့် အစားအစာ‌ကိုအလွန်အကျွံစားမိနေတာ ဒါမှမဟုတ် ပုံမှန်စားနေကျလိုမစားနိုင်တော့တာမျိူးကလည်း စိတ်ဓါတ်ကျခြင်းရဲ့လက္ခဏာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/38/38c9945e70f7c33ad8887532c735f107dfc505e8.jpg

(၆) စိတ်တိုလွယ်တာ တစ်နည်းပြောရရင် ဆတ်ဆတ်ထိမခံဖြစ်လာတာကလည်း ကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုတိုက်ရိုက်သက်ဆိုင်နေပါတယ်။ ပုံမှန်မြင်နေကျလူတွေကိုတောင် စိတ်တိုစရာ ဒေါသထွက်စရာအဖြစ်တောက်လျှောက်မြင်နေတတ်တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=474,h=316,q=100/a3/a386692fe6c796925f11c605e1d418d3e4ba50d1.jfif

(၇) သတ်သေမဲ့အတွေးတွေတွေးနေမိတာမျိူး ဘယ်လိုလုပ်ရင်လောကကြီးထဲကပျောက်ကွယ်သွားမလဲဆိုတာကိုအချိန်တိုင်းစဥ်းစားနေတာမျိူးတွေကလည်း စိတ်ကျနေခြင်းရဲ့လက္ခဏာတွေပါပဲ။ လူအများစုဟာစိတ်ညစ်ရင် ဒီလိုအတွေးမျိူးတွေးတတ်ကြပေမဲ့ အချိန်တိုင်းအဲ့တာကိုပဲတွေးတောပြီး အင်တာနက်မှာအဲ့လိုအရာတွေကိုရှာနေမိတယ်ဆိုရင်တော့ သာမာန်စိတ်ညစ်တာမဟုတ်နိုင်တော့ပါဘူး။ 

https://s9.kh1.co/__image/w=650,h=488,q=100/80/80f2d08ecfbe22d6c56c44dc4144458bd073c4b1.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T