မြန်မာ့ရိုးရာ မုန့်သိုင်းခြုံ လုပ်စားကြမယ်
မုန့်နာမည်လေးကြားလိုက်တာနဲ့ နွေးထွေးနူးညံ့သလို ခံစားရမယ့် မုန့်လေးထဲက တစ်ခုကို ပြောပါဆိုရင် မုန့်သိုင်းခြုံပါပဲ။ မုန့်သိုင်းခြုံ ဟာဆိုရင် မြန်မာ့ရိုးရာ မုန့်လေးတစ်မျိုးဖြစ်ပြီး လူတော်တာ်များများကြိုက်ကြမယ်ဆိုရင်လည်းမမှားပါဘူး။ ဆိုတော့ မုန့်သိုင်းခြုံကို ဆိုင်ကနေဝယ်စားရတာ အားမရဘူးဆိုတဲ့သူတွေအတွက် ဒီတစ်ခေါက်မှာတော့ မုန့်သိုင်းခြုံလုပ်နည်းလေးကို ပြောပြပေးပါမယ်
ပါဝင်ပစ္စည်းများ
.

• ကြက်ဥ (သို့) ဘဲဥ - ၃ လုံး
• ဆား - နည်းနည်း
• ဂျုံမှုန့် - ၁၃ဝ ဂရမ်
• ရေ - ၆ဝ ဂရမ်
• ဆိုဒါ - နည်းနည်း
• အုန်းသီးခြစ်ပြီးသား
• သကြား

ပြုလုပ်နည်း
ကြက်ဥ၊ ဆား၊ ဂျုံမှုန့်၊ ရေ၊ ဆိုဒါ တို့ကို
ရောမွှေပေးပါ။ အရမ်းပျစ်နေရင် ရေနည်းနည်းထပ်ထည့်ထားပြီး မိနစ်အနည်းငယ် ကြာရင်
ဒယ်အပြားကို ဆီသုတ်ခါ မုန့်ပါးပါးထည့်ပြီး အလယ်မှာ အိုးယိုထည့်ပြီး ခေါက်ပြီး ရင် ရပါပြီ။
မုန့်သိုင်းခြုံထဲ ထည့်မယ့် အုန်းယိုလုပ်တဲ့နည်းလေးကတော့ . . .
အုန်းသီးအဖတ်လေးတွေကို သကြားအချိုကို လိုသလောက်ထည့်ပြီး
အပူပေး ပြီး သကြားပွင့်ပျောက် သည်အထိ လှော်ထားပေးရမှာဖြစ်ပါတယ်။
ကဲ ဒါဆိုရင်တော့နွေးထွေးတဲ့ အနှစ်အရသာကို ခံစားရစေမယ့် မြန်မာမုန့် မုန့်သိုင်းခြုံလေးကိုရပါပြီ။ ပူပူချိုချိုမွှေးမွှေးလေးမလို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်