တိုက်ကြီးမြို့ ၊ နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန် မှာ အလှမွေး ရွှေငါးပေါင်း (၅၀၀၀) ခန့် အဆိပ်ခတ်ခံရမှုကြောင့် သေဆုံး

//s9.kh1.co/ec/ec7506f980481876faec2cdc06ba6342f146e7eb.jpg
နေ့စဉ်သတင်းများ

 ၂၃-မေ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

အကြောင်းအရင်းမရှိ ငါးတွေက ရုတ်တရက်ကြီးဆိုသလို တစ်ကန်လုံး သေဆုံး..... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဒီကနေ့ မေလ (၂၂)ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့၊ နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်ရှိ မှာ အလှမွေးမြူထားတဲ့ ရွှေငါးများကို အမည် မသိလူတစ်စုမှ အဆိပ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး အဲ့ဖြစ်စဉ်ရဲ့ နောက်ဆက်တွဲအရ အလှမွေး ရွှေငါး ပေါင်း (၅၀၀၀) ထောင် တစ်ပြိုင်နက် သေဆုံးသွားကြောင်း သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

၎င်း နိဗ္ဗာန်ချမ်းသာမင်္ဂလာကန် ဟာ တိုက်ကြီးမြို့နယ် မှာ တည်ရှိပြီး နိဗ္ဗာန်ချမ်းသာမင်္ဂလာနာရေးကူညီမှုအသင်းမှ ဦးစီးကာ မည်သူမဆို အခမဲ့ဝင်ရောက်လေ့လာနိုင်တဲ့ သဘာဝရွှေငါးကြင်းကန်အဖြစ် ပြုလုပ်ထားတာဖြစ်ကြောင်း ၊ ၎င်း ကန်ကို အမည်မသိ လူတစ်စု က အဆိပ်ခတ်သွားတာဖြစ်တယ် လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အဆိပ်ခတ်ခံရတဲ့ ရွှေငါးများမှာ လက်ရှိအချိန်ပေါက်ဈေးနဲ့ဆိုရင် တစ်ကောင်ကို သိန်းလေးဆယ်အထိရှိနေကြောင်း၊ အဆိပ်ခတ်ပြီးသေဆုံးသွားတဲ့ ရွှေငါးများကို Light Truck မော်တော်ယာဉ် (၄) စီးဖြင့်သယ်ဆောင်ပြီး သုဿန်တွင် မြေတူး၍မြှုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

Source - Original Uploader

Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T