ဆိုရှယ်မီဒီယာမှာအသုံးများကြတဲ့ အရာတွေထဲမှာ ချစ်စရာကောင်းတဲ့အသွင်အပြင်နှင့်အီမိုဂျီလေးတွေလည်းထိပ်ဆုံးကပါဝင်ပါတယ်။ အီမိုဂျီအများစုဟာ သီးသန့်ဆိုလိုရင်းအဓိပ္ပါယ်တွေကိုယ်စီရှိကြပြီး ပေါ််ပေါက်လာခဲ့တာအချိန်ကြာညောင်းနေပြီလို့လည်းပြောနိုင်ပါတယ်။ ရှေးအီဂျစ်တွေရဲ့ နံရံပေါ်ကရုပ်ပုံတွေဟာလည်းအီမိုဂျီတွေရဲ့အစလို့ယူဆနိုင်ပါတယ်။

အခုခေတ်အသုံးပြုနေတဲ့အီမိုဂျီတွေကိုတော့ ၁၉၉၉တုန်းက ဂျပန်မိုဘိုင်းဖုန်းကုမ္မဏီတစ်ခုရဲ့ ဒီဇိုင်နာဖြစ်သူ Shigetaka Kurita ကစတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ စစချင်းမှာအီမိုဂျီစုစုပေါင်း ၁၇၆ ခုဖန်တီးထားခဲ့ပြီးအီမိုဂျီရဲ့အဓိပ္ပါယ်ကတော့ ဂျပန်စကားလုံး Picture နှင့် Letter ကိုပေါင်းပြီးဖန်တီးထားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အင်္ဂလိပ်စကားလုံး Emotion ကိုမှီပြီးအီမိုဂျီလို့ခေါ်တာလို့လည်း ယူဆကြပါတယ်။ Shigetaka Kurita ဟာဂျပန်ကာတွန်းနှင့် ပုံပြင်တွေထဲကဇာတ်ကောင်တွေကိုပုံဖော်ပြီးတော့ အီမိုဂျီရဲ့ပုံစံတွေကိုသရုပ်ဖော်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅မှာတော့ Face with Tears of Joy” 😂 အီမိုဂျိကို အောက်စဖို့အဘိဓာန်ကနေ Word of the Year အဖြစ်သတ်မှတ်ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အီမိုဂျီအခုပေါင်း သုံးထောင်ကျော်ရှိနေပြီဖြစ်တဲ့အပြင် နှစ်တိုင်းလည်း အသစ်အသစ်တွေထပ်ပြီးထွက်လာနေတာဖြစ်ပါတယ်။
