ထိုင်းအမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးဌာနက နာမည်ကြီး Tham Luang ဂူကို ဇူလိုင်လမှာ ပြန်လည်ဖွင့်လှစ်ပေးမယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါ ဂူဟာ ၂၀၁၈ ခုနှစ်က တောဝက်ဘောလုံးကစားသမား ၁၂ ဦးနဲ့ နည်းပြတို့ ဂူထဲမှာ ၁၈ ရက်ကြာ ပိတ်မိနေတာကြောင့် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရရှိတဲ့ သဘာဝလှိုဏ်ဂူလည်း ဖြစ်ပါတယ်။


ယနေ့မှာတော့ အဆိုပါ ဂူဟာ နိုင်ငံတကာခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ ခရီးသွားနေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီတစ်ခါ ဂူဖွင့်ရင်တော့ လာရောက်လေ့လာတဲ့ ခရီးသွားတွေအနေနဲ့ မီတာ ၁၅၀ ရှည်လျားတဲ့ ပထမလှိုဏ်ဂူထဲကို ဝင်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ဒါ့ပေမယ့် ဂူထဲဝင်ရောက်သူတွေကို တစ်ခါဝင်ရင် အများဆုံး ၂၅ ဦးသာ ကန့်သတ်မှာဖြစ်ပြီး အလှည့်တစ်ဖွဲ့ကို မိနစ် ၃၀ အချိန်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်း အရင်းအမြစ်៖ Source - thethaiger





