ထိုင်းမွေထိုင်းမယ်ကို တစ်ချီတည်းနဲ့ ပွဲသိမ်းလိုက်တဲ့ ကယန်းလက်ဝှေ့မယ် ဘ‌ရော်နီကာ

//s9.kh1.co/30/30e79a2d308968f41504a1d90bba2d4e895c23d5.jpg
အားကစားသတင်းများ

 ၂၂-မေ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

ထိုင်းမွေထိုင်းမယ်ကို တစ်ချီတည်းနဲ့ ပွဲသိမ်းလိုက်တဲ့ ကယန်းလက်ဝှေ့မယ် ဘ‌ရော်နီကာ

မြန်မာ့ဂုဏ်ဆောင် ကယန်းလက်ဝှေ့မယ်တစ်ဦးဖြစ်တဲ့ ဘရော်နီကာဟာ ယမန်နေ့ မေ ၂၁ ရက်ညနေပိုင်းက ထိုင်းနိုင်ငံ၊ ခိုလ မှာကျင်းပတဲ့ မွေထိုင်းလက်‌ဝှေ့ စိန်ခေါ်ပွဲမှာ နာမည်ကြီး မွေထိုင်းမယ် Aomsin ကို အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=606,q=100/c9/c9c94961d4fbffe30b34ac7e7899065f814b1302.jpg
https://s9.kh1.co/__image/w=650,h=389,q=100/6d/6d50cc3da28e11056327af28745946d69ab1faf0.jpg

ပွဲစဥ်စပြီး ၁ မိနစ်ကျော်မှာပဲ ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ Aomsin ကို အလဲထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။ ဘရော်နီကာ ဟာ ပြီးခဲ့တဲ့ ဧပြီလက အီတလီမှာကျင်းပတဲ့ ထိုင်းရိုးရာလက်ဝှေ့ ယှဥ်ပြိုင်ထိုးသတ်မှုမှာလည်း ပြိုင်ဘက် အီတလီ လက်ဝှေ့မယ် Ester Viola ကို အမှတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=384,q=100/f8/f84568499c5637d5b293e1a59923d2252c748606.jpg
https://s9.kh1.co/__image/w=650,h=488,q=100/fd/fdb86e9f488a07b8a96020680d17a7a8b2b68b24.jpg

နိုင်ပွဲတွေဆက်နေတဲ့ ဘရော်နီကာ ဟာ လက်ရှိမှာ အမျိုးသမီးမွေထိုင်း ၅၃ ကီလိုဝိတ်တန်းမှာ ကမ္ဘာ့နံပါတ်တစ် နေရာကို ရရိထားသူလည်း ဖြစ်ပါတယ်။

သတင်း အရင်းအမြစ် Photo Credit - Thai Fight

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T