ကာလာဘလိုင်း ( Color Blindness) အမျိူးအစားများ

//s9.kh1.co/7c/7c15a27fae4e9627ee30b75202c7ff41ee3d1226.jpg
MPT Lifestyle

 ၁၈-မေ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကာလာဘလိုင်း ( Color Blindness) အမျိူးအစားများ

Colour Blind ဖြစ်တယ်ဆိုတာ မျက်လုံးတွေကအရောင်တွေကိုခွဲခြားမသိတော့ဘဲ အားလုံးကိုတစ်ရောင်တည်းမြင်နေတာမျိူးဖြစ်ပါတယ်။ ဒီရောဂါအများစုဟာမျိူးရိုးကြောင့်ဆက်ခံလာရတာဖြစ်ပြီး ကုသဖို့လည်းခက်ခဲတဲ့ရောဂါဖြစ်ပါတယ်။

https://s9.kh1.co/__image/w=474,h=322,q=100/09/0924507acf52b2a6266cfe62cdc33a832da7575b.jpg

ဒါပေမဲ့ မျက်လုံးကိုထိခိုက်မိတဲ့မတော်တဆမှုနှင့် အသက်အရွယ်ကြီးရင့်လာခြင်းတို့ကလည်း ကာလာဘလိုင်းကိုဖြစ်စေနိုင်ပါတယ်။ ကမ္ဘာကြီးမှာ အခြေခံအရောင်တွေဖြစ်တဲ့ အနီ၊ အစိမ်းနှင့်အဝါဆိုပြီးရှိပါတယ်။ လူသားတွေရဲ့မျက်လုံးကလည်းဒီအခြေခံအရောင်တွေကို တုံ့ပြန်နိုင်တဲ့ အချက်ပြမှုတွေရှိပါတယ်။

https://s9.kh1.co/__image/w=650,h=949,q=100/41/4187743dcdceaaea8f609e92ea250af806af46f8.jpg

ဒါပေမဲ့ကာလာဘလိုင်းဖြစ်နေတဲ့သူတွေမှာတော့ ဒီအခြေခံအရောင်တွေကိုတုံ့ပြန်ပေးတဲ့အရာတွေမရှိတာကြောင့် အရောင်တွေကိုပုံမှန်အတိုင်းမမြင်ရတာဖြစ်ပါတယ်။ ကာလာဘလိုင်းအမျိူးအစားတွေမှာလည်း တစ်ရောင်ပဲမြင်ရတဲ့ Monochromatism ၊ အရောင်နှစ်မျိူးမြင်ရတဲ့ Dichromatism နှင့် သုံးရောင်လုံးမြင်ရပေမဲ့ အရောင်တစ်ရောင်ကအားနည်းနေတဲ့ Anomalous trichromacy ဆိုပြီးသုံးမျိူးရှိပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/2d/2d03313b8c959271fd23030ca27200ef915826d9.jpg

Monochromatism ကာလာဘလိုင်းကတော့ တစ်ရောင်ထဲမြင်ရတာဖြစ်သလို လုံးဝအရောင်တွေကိုမမြင်ရတာမျိူးလည်းဖြစ်တတ်တဲ့အမျိူးအစားဖြစ်ပါတယ်။ Dichromatism အမျိူးအစားမှာတော့ အရောင်နှစ်ရောင်ကိုမြင်ရေပေမဲ့ ကျန်တဲ့တစ်ရောင်နှင့်ဆက်စပ်နေတဲ့အရောင်တွေကိုပါမခွဲနိုင်တာကြောင့် အရောင်မပါတဲ့ကမ္ဘာကြီး သို့မဟုတ် အရောင်တစ်မျိူးတည်းရှိနေတဲ့ကမ္ဘာကြီးကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=600,h=600,q=100/01/01b54986e9cecb08007f8f1920a52511e5f5efd2.jpg

နောက်ဆုံး Anomalous trichromacy ကတော့လက်ရှိလူတွေအဖြစ်များတဲ့ကာလာဘလိုင်းဖြစ်ပါတယ်။ ဒီအမျိူးအစားမှာတော့ အရောင်သုံးရောင်လုံးရဲ့တုံ့ပြန်မှုတွေရှိနေပေမဲ့ အရောင်တစ်ရောင်ရဲ့အာရုံခံစွမ်းကသာမာန်ထက်လျော့ကျနေတာကြောင့် ကျန်တဲ့အရောင်တွေကိုပါမခွဲခြားနိုင်တော့တာမျိူးဖြစ်ပါတယ်။ ကာလာဘလိုင်းအများစုဟာအမျိူးသားတွေမှာအဖြစ်များပါတယ်။ မျိူးရိုးဗီဇကြောင့်မဟုတ်ဘဲမတော်တဆကြောင့်ဖြစ်တတ်တဲ့ ကာလာဘလိုင်းတွေကိုတော့ ဆေးဝါးတွေနှင့်ကုသလို့ရပါတယ်။  

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T