စက်ရုံတွေမှာ အဝတ်အထည်ဟောင်းတွေကို ဘယ်လို Recycleလုပ်ကြသလဲ?

//s9.kh1.co/9b/9bd9fb112b09f78ba69cf5b4bbe80f9121904b55.jpg
MPT Lifestyle

 ၁၈-မေ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

စက်ရုံတွေမှာ အဝတ်အထည်ဟောင်းတွေကို ဘယ်လို Recycleလုပ်ကြသလဲ?

အဝတ်အထည်အဟောင်းတွေကို စက်ရုံတွေအများစုမှာ လူသားတွေပြန်လည်အသုံးပြုလို့ရနိုင်တဲ့ ပစ္စည်းအသစ်တွေအဖြစ် ပြန်လည်အသုံးချကြတာရှိပါတယ်။ အဝတ်အထည်ဟောင်းတွေကို ထပ်ဆင့် တစ်ပတ်ရစ်ဈေးကွက်မှာတင်ရောင်းတာလည်းလုပ်လေ့ရှိပါတယ်။ တစ်ကယ်လို့ အဝတ်တွေဟာဝတ်လို့မရတော့တဲ့အထိစုတ်နေပြီဆိုရင် စက်ရုံတွေမှာ ပုံစံနှင့်အရွယ်အစား အရောင်တွေကိုလိုက်ပြီး Recycling လုပ်ကြပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/a5/a56c1181294201c37a75bdca8133addf1cc2c845.webp

ပထမဆုံးအဝတ်တွေမှာပါတဲ့ အထည်မဟုတ်တဲ့ပစ္စည်းတွေ ကြယ်သီး၊ ခါးပတ်၊ သားရေနှင့်အလှဆင်ကျောက်လိုမျိူးကိုအကုန်ဖြုတ်ရပါတယ်။ အထည်သီးသန့်ဖြစ်သွားတဲ့အခါ သဘာဝအထည်နှင့် ဓာတုဗေဒပါတဲ့အထည်ဆိုပြီးနှစ်မျိူးခွဲလိုက်ပါတယ်။ အဲ့ဒီ့အုပ်စုမှာမှ အရောင်ကိုလိုက်ပြီးထပ်ခွဲထုတ်တာရှိပါသေးတယ်။ အရောင်ကိုခွဲခြားတဲ့နေရာမှာလည်း ပြန်လည်ဆေးဆိုးဖို့လိုတဲ့အထည်နှင့်မလိုတဲ့အထည်ဆိုပြီးထပ်ခွဲတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=525,h=450,q=100/e7/e7b61415be47e25dc5a2e73a0d326f1f593bfc83.jpg

သဘာဝအထည်တွေကိုဆိုရင် စက်တွေနှင့်အပိုင်းပိုင်းဖြတ်တာ ဒါမှမဟုတ်အမှုန့်ဖြစ်အောင်ကြိတ်ပြီး ပြန်လည်အသုံးပြုနိုင်တဲ့ချည်တွေအဖြစ်ထုတ်လုပ်ပါတယ်။ ဒါပေမဲ့အဝတ်အထည်တိုင်းကတော့ ချည်အဖြစ်ပြုလုပ်တာမဟုတ်ပါဘူး။ တစ်ချိူ့အဝတ်အထည်တွေကိုတော့ အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင်လုပ်ပြီး မွေ့ရာ ကားထိုင်ခုံလိုမျိူးထဲမှာဖြည့်ရတဲ့အရာတွေအဖြစ်အသုံးပြုပါတယ်။

https://s9.kh1.co/__image/w=591,h=482,q=100/3a/3ad405412eaab398af65262210c92619fe2cd3e1.jpg

ဓာတုပစ္စည်းတွေပါတဲ့ အထည်တွေကိုတော့ အရင်ဆုံးအပိုင်းပိုင်းဖြတ်ပြီး အလုံးလေးတွေလုံးလိုက်ပါတယ်။ ပြီးသွားရင် အဲ့ဒီ့အလုံးတွေကိုအရည်ဖျော်ပြီးအထည်အသစ်တွေပြုလုပ်နိုင်တဲ့ကုန်ကြမ်းတွေအဖြစ်ကိုပြောင်းလဲလိုက်တာဖြစ်ပါတယ်။ ဒီလိုအဝတ်အထည်တွေကို ပြန်လည်အသုံးပြုလို့ရခြင်းက ကမ္ဘာမြေကြီးရဲ့ကျန်းမာရေးကိုအများကြီးကောင်းမွန်စေပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/8c/8cadb520409d3687b776638aae2b21890cbe67f7.jpg

အဝတ်တွေကိုသဘာဝထဲဒီအတိုင်းစွန့်ပစ်လိုက်ရင် ဆွေးမြေ့ပျက်စီးသွားဖို့ နှစ်ပေါင်းရာနှင့်ချီကြာတတ်တဲ့အပြင် လူသားတွေအတွက်အန္တရာယ်ရှိတဲ့ မီသိန်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေကိုလည်းထုတ်လွှင့်ကြပါတယ်။ လန်ဒန်ကအဝတ်တွေကို Recycle လုပ်တဲ့စက်ရုံမှာဆိုရင်တစ်ပတ်ကိုအထည်ပေါင်းမီလီယံနှင့်ချီပြီးဝင်တယ်လို့သိရပါတယ်။

https://s9.kh1.co/__image/w=650,h=581,q=100/16/1623d9f6b000d126272a0c536c5aa967150e0b72.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T