လိင်မြို့တော်လို့ နာမည်ကြီးနေတဲ့ ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေမှာ ပြည့်တန်ဆာအလုပ်တွေမလုပ်ဖို့ ထိုင်းခရီးသွားရဲတွေက တားမြစ်လိုက်ပါတယ်။ မနေ့ညက ပတ္တယားမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပတ္တရားကမ်းခြေကို သွားရောက်ခဲ့ပြီး မြို့တွင်းရှိ လိင်ဝန်ဆောင်များပေးနေတဲ့ နေရာမှာ လိင်လုပ်သားတွေကို သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသတွင်းမီဒီယားတစ်ခုဖြစ်တဲ့ KhaoSod က ယခုမှစပြီး ခရီးသွားများအား လိင်ဝန်ဆောင်မှုပေးတာတွေကို ကမ်းခြေမှာ လုပ်ဆောင်ခွင့်မပြုတော့ကြောင်း၊ ရဲတပ်ဖွဲ့က လိင်လုပ်သားတွေကို အသိပေးထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ သတိပေးထားရဲ့သားနဲ့ ကမ်းခြေမှာ လိင်လုပ်သားတွေကို ထပ်မံတွေ့ရှိမယ်ဆိုရင် ဒဏ်ငွေကြီးကြီးမားမား ချမှတ်ခံရမယ်လို့ ရဲတပ်ဖွဲ့က သတိပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာတော့ ပြည့်တန်ဆာလုပ်ငန်းဟာ တရားမ၀င်ဖြစ်ပေမယ့် ပတ္တယားမှာတော့ ဥပဒေကို လျစ်လျူရှုထားပြီး လုပ်ကိုင်နေဆဲပါ။ ရဲမှူးကြီး Somchai ကတော့ ကမ်းခြေရှိ ဒီလိုလိင်ဝန်ဆောင်မှုကို တားမြစ်တာဟာ ခရီးသွားများအပေါ် ရာဇ၀တ်မှုကျူးလွန်မှုတွေ တားဆီးရာမှာ ပိုပြီးထိရောက်စေတယ်လို့ ပြောကြားခဲ့ပါတယ်။ ပတ္တယားမြို့ဟာ ကမ္ဘာလှည်းခရီးသွားတွေ လာရောက်လည်ပတ်မှုအများဆုံးဖြစ်ပေမယ့် မကြာခဏ လုယက်မှုတွေဖြစ်ပွားတဲ့ နေရာလည်း ဖြစ်ပါတယ်။

ပြီးခဲ့အပတ်ကလည်း အိန္ဒိယ နိုင်ငံသား အသက် ၃၄ နှစ်အရွယ် Nagasesha Reddy Neeruganti ရဲ့ တန်ဖိုးငွေ ဘတ် ၆၆,၀၀၀ တန် ရွှေဆွဲကြိုးကို ပတ္တယားကမ်းခြေမှာ လုယူခံရပြီး လုယက်သူများဟာ ယခုနောက်ပိုင်း ကမ်းခြေမှာ လိင်ဖျော်ဖြေရေးဝန်ဆောင်မှုပေးနေတဲ့ အမျိုးသမီးငယ်ကို ချဉ်းကပ်လာတယ်လို့ ဆိုပါတယ်။

သတင်း အရင်းအမြစ်៖ Source - thethaiger