ကျောက်ကပ်ရောဂါသည်တွေ မစားသင့်တဲ့ အစားအစာများ

//s9.kh1.co/e3/e385be422d9514149d7a3d8e8e36c1f87fb9411d.jpg
MPT Lifestyle

 ၁၇-မေ-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

ကျောက်ကပ်ရောဂါရှိသူတစ်ယောက်အနေနဲ့ ဒီအစားအစာတွေက....

ကျောက်ကပ်ရောဂါရှိသူတစ်ယောက်အနေနဲ့ ဒီအစားအစာတွေက မစားသင့်ပါဘူး။ ဒီအစားအစာတွေက ကျောက်ကပ်ပျက်စီးမှုကို ပိုဆိုးသွားစေနိုင်တာကြောင့်ပါ။ အတတ်နိုင်ဆုံး ပိုတတ်ဆီယမ်မြင့်တဲ့ အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

ထောပတ်သီး

https://s9.kh1.co/__image/w=650,h=488,q=100/2f/2f4f50df01a855be73b9d87c2e7700ad332b4308.jpg

ပိုတက်ဆီယမ်ပါဝင်မှုကလည်း မြင့်တဲ့ထောပတ်သီးဟာ အာဟာရပါဝင်မှုမြင့်သလို နှလုံးကျန်းမာစေတဲ့ အဆီ၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်နေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစားတစ်မျိုးဆိုပေမယ့် ကျောက်ကပ်ရောဂါရှိနေသူတွေအတွက်တော့ မသင့်တော်ပါဘူး။

 ဂျုံကြမ်း ပေါင်မုန့် (ပေါင်မုန့်ကြမ်း )

https://s9.kh1.co/__image/w=400,h=246,q=100/11/11a3817bc91c294f0cacf10ef7e5836b2185d009.png

ပေါင်မုန့်ကြမ်းက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတစ်ခုဖြစ်ပေမယ့်လည်း ဆိုဒီယမ် ပါဝင်မှုမြင့်သလို ပိုတက်ဆီယမ်လည်း တော်တော်လေးပါဝင်နေပါတယ်။ ဒါကြောင့် ကျောက်ကပ်ရှိသူတွေအနေနဲ့ ဂျုံကြမ်း ပေါင်မုန့်အစား၊ ပေါင်မုန့်အဖြူကိုပဲစားပေးပါ။

 ဆန်လုံးညို

https://s9.kh1.co/__image/w=650,h=434,q=100/02/027e2e62451adb12859303ba71b62957e4f727a5.jpg

 ဆန်လုံးညိုမှာ ဆန်ဖြူထက် ပိုတက်ဆီယမ် နဲ့ phosphorus ပါဝင်မှုများနေပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါရှိနေမယ်ဆိုရင် ဆန်လုံးညိုမစားပါနဲ့။

 ငှက်ပျောသီး

https://s9.kh1.co/__image/w=400,h=289,q=100/16/166580a15befcfea1870e2bd9c078cf90e10f05e.jpg

 ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ပါဝင်မှုမြင့်တာကြောင့် ကျောက်ကပ်ရောဂါရှိသူတွေ မစားသင့်ပါဘူး။

လိမ္မော်သီး

https://s9.kh1.co/__image/w=280,h=180,q=100/62/62d9e9be23f9c33ad428847365570fe49fcd5c0b.jpg

လိမ္မော်သီးက ဗီတာမင် C ကြွယ်ဝသလို ပိုတက်ဆီယမ်ပါဝင်မှုလည်း မြင့်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါရှိနေတယ်ဆိုရင် လိမ္မော်သီး မစားပါနဲ့။

 ဒါတွေအပြင်ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ အာလူး၊ ကန်စွန်းဥ၊ စွန်ပလွံသီး၊ စပျစ်သီးခြောက်လိုမျိုး အသီးခြောက်တွေ၊ အချဉ်စိမ်ထားတဲ့အရာတွေ၊ ဆားရည်စိမ်ထားတဲ့အရာတွေ၊ ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်တိုကို မစားသင့်ပါဘူး။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T