ဒီကနေ့ မေလ (၁၆) ရက်နေ့ ၊ နံနက်ပိုင်း အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့နယ် ၊ ပြည်လမ်းပေါ် မှာ YBS တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ Myanmar Fire Services Department ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒီကနေ့ (၁၆.၅.၂၀၂၃) ရက်နေ့၊ နံနက် (၁၀) နာရီ အချိန် ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်ရှေ့မှာ YBS(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိခဲ့တာကြောင့် အနောက်ပိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကို နံနက် (၁၀) နာရီ (၈)မိနစ် အချိန် က မီးငြိမ်းသတ်နိုင်ခဲ့ပြီးအဆိုပါ ဖြစ်စဉ် ဖြစ်ပွားနေစဉ်အတွင်း တောက်လျှောက်ဆိုသလို ပြည်လမ်းပေါ်ကနေ ကားတွေကို ပြန်လှည့်ခိုင်းကာ တခြားလမ်းက သွားလာမှုများပြုလုပ်စေခဲ့တယ်လို့ လည်း သိရပါတယ်။
