ဝက်ဂုတ်သားကုန်းဘောင်ကြီး ကြော်

//s9.kh1.co/47/472184431a26066475a1aac70200c500dc626395.jpg
MPT Lifestyle

 ၁၆-မေ-၂၀၂၃ ၈am · လွန်ခဲ့သော ၃ နှစ် က

အိမ်မှာလုပ်တော့သန့်လည်းသန့်များများလည်းစားရတယ်နော်

ဝက်ဂုတ်သားကုန်းဘောင်ကြီးကြော် လုပ်စားကြမယ် ...

ဝက်သားမှာဆိုရင် ဂုတ်သားက တကယ့်ကိုအသားများများနဲ့အရသာ အရမ်းရှိတယ်ဆိုတာ သိကြတယ်ဟုတ်... ဒီတစ်ခေါက်မှာတော့ အရမ်းကိုးအရသာရှိပြီး ဆိုင်ကြီးတွေမှာ ရောင်းလေ့ရှိတဲ့ ဝက်ဂုတ်သားကုန်းဘောင်ကြီးကြော်လုပ်နည်းလေးကို အိမ်မှာ လုပ်စားကြည့်ရအောင်...အိမ်မှာလုပ်တော့သန့်လည်းသန့်များများလည်းစားရတယ်နော်

https://s9.kh1.co/__image/w=320,h=180,q=100/62/62587526b41221ee609ff423e179d070319ab4d4.jpg

ဝက်ဂုတ်သား၂၀ကျပ်သား

ကြက်သွန်နီ ၂လုံး

ပန်းငရုတ်ပွ ၁လုံး

ခရမ်းချဉ်သီး ၁လုံး

ကြက်သွန်မြိတ် ၃ပင်

ချင်းသေးသေး ၁တက်

တရုတ်မဆလာ အနည်းငယ်

ခရုဆီ ၂ဇွန်း

ပဲငံပြာရည်အကြည်  ၂ဇွန်း

အနောက်ရည်  အနည်းငယ်

https://s9.kh1.co/__image/w=650,h=867,q=100/34/34afb6f41fba3bb9525ba99fdf6619753eca03a2.webp

သကြား  အနည်းငယ်

ဝက်ဂုတ်သားကိုပါးပါးလှီးပြီးအရသာအနည်းငယ်သွင်းထားပါ။

ကြက်သွန်နီ ၊ပန်းငရုတ်ပွ၊ခရမ်းချဉ်သီးကို လေးစိတ်လှီးပါ။

ချင်းကိုအမျှင်ငယ်များအဖြစ်လှီးပါ။

ပူနေတဲ့ဒယ်အိုးမှာဆီအနည်းငယ်ကိုထည့်ပြီးလေးသိတ်လှီးထားသောကြက်သွန်နီ၊ပန်းငရုတ်ပွတို့ကိုအနည်းငယ်နွမ်းအောင်ကြော်ပြီးစစ်ယူပါ။

ခရမ်းချဉ်သီးကိုလဲသီးသန့်ထည့်ကြော်ပြီးစစ်ယူပါ။

https://s9.kh1.co/__image/w=650,h=341,q=100/8d/8d187e33214c66e3e5d31eb291abc2d71632cb07.jpg

ဆီအနည်းငယ်ထပ်ဖြည့်ပြီးအမျှင်လှီးထားသောချင်းကိုထည့်ကြော်ပါ။အနည်းငယ်မွှေးလာလျှင်ဝက်ဂုတ်သားတွေထည့်ကြော်ပါ။

ချက်ချင်းဆိုသလိုပါဝင်သောအရသာများကိုအမြန်ထည့်ပေးလိုက်က်ပါ။

စစ်ယူထားသောအသီးအရွက်တွေထည့်ပြီး၁လက်မခန့်လှီးထားသောကြက်သွန်မြိတ်လေးဖြူးထည့်ပါ။

နောက်ဆုံးမှာ တရုတ်မဆလာလေးအုပ်ပြီး ဟင်းအနံ့ကို ထိမိအောင်လုပ်ပေးပါ။

ဒါဆိုရင်တော့ အရသာအရမ်းရှိတဲ့ဝက်ဂုတ်သားကုန်းဘောင်ကြီးကြော်လေးရပါပြီနော်...

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T