နယူးဂျာစီပြည်နယ်ရှိ နေအိမ်ခေါင်မိုးပေါ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဥက္ကာခဲတစ်ခု ပြုတ်ကျခဲ့တယ်လို့ နယူးယောက်ပို့စ်သတင်းမှာ ဖော်ပြလာတာ တွေ့ရပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အဆိုရ ၄ လက်မx ၆လက်မ အရွယ်စားရှိတဲ့ ဥက္ကာခဲလို့ယူဆရတဲ့ သတ္တုအရာဝတ္ထုတစ်ခုဟာ တနင်္လာနေ့က နေအိမ်ပေါ်ပြုတ်ကျခဲ့လို့ အပေါ် မျက်နှာကျက် အနည်းငယ်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။


အိမ်ပိုင်ရှင် Suzy Kop ကတော့ အစက သူမအိမ်ကို တစ်စုံတစ်ဦးက ကျောက်တုံးနဲ့ ပစ်ပေါက်ခဲ့တာလို့ ထင်ခဲ့ပြီး နောက်ပိုင်း ကျောက်တုံးဟာ ထူးခြားနေတာကြောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။ ကံကောင်းထောက်မစွာ ဥက္ကာခဲပြုတ်ကျလာချိန်မှာ နေအိမ်အတွင်း ဘယ်သူမှ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဥက္ကာခဲ ဟုတ်မဟုတ် စစ်ဆေးဖို့ အခြားပညာရှင်တွေထံ ဆက်သွယ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။


သတင်း အရင်းအမြစ်៖ Source – New York Post