ဝက်စတူးလုပ်စားကြမယ်

//s9.kh1.co/08/087b5b3eecc17d0046339ba26286efcbe3d8fdb1.jpg
MPT Lifestyle

 ၀၈-မေ-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

နူးညံ့ပြီးအိစက်နေတဲ့ ဝက်စတူးကို ထမင်းလေးနဲ့စားမယ်

ဝက်စတူးလုပ်စားကြမယ်

ဆိုင်တွေမှာ လူကြိုက်များတဲ့ ဝက်သားဟင်းလျာထဲက တစ်ခုကို ပြောပါဆိုရင် ဝက်စတူးပါပဲ... နူးညံ့ပြီးအိစက်နေတဲ့ ဝက်စတူးကို ထမင်းလေးနဲ့ပဲစားစား ဒီတိုင်းပဲ စားစားသိပ်အရသာ ရှိတဲ့ ဟင်းတစ်ခွက်မလို့အိမ်မှာ ချက်စားကြည့်ရအောင်နော်

ပါဝင်ပစ္စည်း

-ဝက်သုံးထပ်သား

-ရှားကောပါးကော အမှုန့် (၀r) အစေ့

-ဂျင်း/ကြက်သွန်ဖြူ/နာနတ်ပွင့်

-ဆား/ဟင်းချိုမှုန့်(or)ကြက်သားမှုန့်  /ဆီ

-ပဲငံပြာရည် အကြည် / အနောက်

-ကြက်သွန်မြိတ်

https://s9.kh1.co/__image/w=650,h=366,q=100/8d/8df2bdfbe0614cb62b4156e7fab837c4dc4f685f.jpg

ပြုလုပ်ပုံအဆင့်ဆင့်

ဝက်သား သုံးထပ်သား ကို အတုံးလေးတွေ တုံးပြီး  ရှားကောပါးကော၊ ဆား၊ ဟင်းချိုမှုန့် (or)ကြက်သားမှုန့် ၊တရုတ်ဟင်းချက်ဝိုင်၊

ပဲငံပြာရည် အကြည်၊ အနောက်တို့နှင့် သင့်အောင်နယ်ထားပါ။

တစ်နာရီလောက်နပ်ထားရင် ပိုကောင်းပါတယ်။

အိုးထဲ ဆီ  ထည့်ပီး မီးနဲ့တည်ပါ။

ဆီပူလာရင်  နာနတ်ပွင့် / ရှောက်ကောစေ့ ကြော်ပီး ပန်းကန်တစ်လုံးထဲတွင် ထည့်ထားပါ။ပြီးရင် နပ်ထားတဲ့ ဝက်သားကို

အညိုအရောင်သန်းလာသည်အထိ ကြော်ပေးပါ။

ပြီးရင် ကြော်ထားတဲ့ဝက်သားရယ်၊  ကြော်ထားတဲ့ ရှောက်ကော နာနတ်ပွင့် ၊ဂျင်း ကြက်သွန်ဖြူကို အိုးတစ်လုံးထဲတွင် ထည့်ပြီးဝက်သားတွေကိုရေမြုတ်တဲ့အထိ ထည့်ပါ။

https://s9.kh1.co/__image/w=400,h=276,q=100/47/4767f0a876dffe249eb042243de8b956d052fbff.webp

သကြား၊ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက် ၊ဟင်းခက်မှုန့်၊ ကြက်သွန်မြိတ်

ထည့်ပြီး  မီးအနည်းဆုံးနဲ့ ၁နာရီခွဲခန့် အဖုံးလုံးဝ မဖွင့်ပဲ တည်ထားပါ။(Pressure cooker နဲ့ဆိုရင် ပိုပြီးအနူးလွယ်ပါတယ်)

မိနစ်ပြည့်လို့ ဟင်းကို ကိုယ်လိုချင်တဲ့ အရသာ အနေအထားရှိမရှိ အပေါ့အငန် မြည်းကြည့်ပြီးရင်တော့ အရသာရှိတဲ့ စားချင်စဖွယ် ဝက်စတူး ရပါပြီ။

လူကြီးလူငယ်မရွေးလည်းကြိုက်နှစ်သက်မယ်၊ အရမ်းစားလို့ကောင်းပြီး ထမင်းမြိန်တဲ့ ဟင်းတစ်ခွက်မလို့ အိမ်မှာ ချက်စားကြည့်ကြဦးနော်

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T