Basketball ကစားနည်းကိုဘယ်သူတီထွင်ခဲ့တာလဲ?

//s9.kh1.co/ed/ed34f60a5ae8fd9a389ee54e5d61dc4c2ed336a8.jpg
MPT Lifestyle

 ၀၂-မေ-၂၀၂၃ ၃pm · လွန်ခဲ့သော ၂ နှစ် က

Basketball ကစားနည်းကိုဘယ်သူတီထွင်ခဲ့တာလဲ?

ဘောလုံးအားကစားပြီးရင် ဒုတိယလူကြိုက်အများဆုံးလို့ပြောနိုင်တဲ့ ဒီဘတ်စကတ်ဘောကစားနည်းကို ၁၈၉၁ မှာ James Naismith ဆိုတဲ့သူကပထမဆုံးဖန်တီးခဲ့တာပါ။ သူဟာ သူတာဝန်ထမ်းဆောင်တဲ့ကျောင်းကကျောင်းအုပ်ဆရာကြီးရဲ့အကြံပေးချက်အရ အိမ်တွင်းမှာပဲကလေးတွေလှုပ်ရှားပြီးဆော့လို့ရတဲ့ ဒီအားကစားကိုတီထွင်ခဲ့တာပါ။ 

https://s9.kh1.co/__image/w=650,h=434,q=100/8f/8f48305571be5a89e6b9d760dd87357d8e238ecc.webp

James ကဒီကစားနည်းကို ဘောလုံး၊ ဟော်ကီနှင့်အမေရိကန်ဘောလုံးအားကစားနည်းတွေကိုမှီငြမ်းပြီး အားကစားအသစ်တစ်ခုဖန်တီးခဲ့တာပါ။

https://s9.kh1.co/__image/w=650,h=469,q=100/33/33731a83c1e4a38ed940e690bdac362d7b3df2dc.jpeg

ဆောင်းရာသီလိုနှင်းတွေကြောင့်အန္တရာယ်များတတ်တဲ့ကာလမှာ ကလေးတွေအတွင်းမှာပဲလှုပ်ရှားပြီးဆော့ဖို့ဆိုတဲ့ရည်ရွယ်ချက်နှင့်စတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ အစောပိုင်းဘတ်စကတ်ဘောကစားနည်းမှာ တစ်ဖက်အသင်းမှာလူကိုးယောက်စီနှင့်စုစုပေါင်း၁၈ယောက်ပါဝင်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=869,q=100/56/564980a37f455597f40b2ee4c2a5fd83bdb3d60c.webp

ဒီအားကစားနည်းရဲ့အစောပိုင်းအခြေခံစည်းမျဥ်းတွေကတော့ တစ်ဖက်လူကိုထိတွေ့တာကိုအဓိကကန့်သတ်ပြီး ဘောလုံးကိုပိုက်ထားပြီးပြေးတာ လမ်းလျှောက်တာမျိူးကိုခွင့်မပြုတာပဲဖြစ်ပါတယ်။ အခုချိန်မှာလည်း ဒီစည်းမျဥ်းတွေကအရေးကြီးနေဆဲဖြစ်ပါတယ်။ James ဟာသူ့ကစားနည်းရဲ့ကစားသမားဦးထုပ်တီထွင်မှုအတွက်လည်း မှတ်တမ်းတင်ခံရပါသေးတယ်။ 

https://s9.kh1.co/__image/w=650,h=650,q=100/ab/ab8da3692aaa2f3c402ac9dfd3391bed590512c7.jpg

အမေရိက မက်ဆာချူးဆက်မြို့မှာလည်း James အမှတ်တရအဆောက်အအုံတစ်ခုရှိပါတယ်။ ကျောင်းတွင်းက ကလေးတွေအတွက်ပဲရည်ရွယ်ပြီး တီထွင်ခဲ့တဲ့ဘတ်စကတ်ဘောကစားနည်းကတော့အခုဆိုရင် ကမ္ဘာတစ်ဝှမ်းလူတွေအကြိုက်တွေ့ကြတဲ့ကစားနည်းတစ်ခုဖြစ်လာခဲ့ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T