ကြက်ခြေထောက်သံပုရာပေါင်းလုပ်စားမယ် ...
ကြက်ခြေထောက် ရေစင်အောင်ဆေး၍ ကြက်ခြေထောက် အောက်ပိုင်းကိုဖြတ်ကာ အလယ်မှ ဓားဖြင့်ခွဲပါ
ခွဲပီးကြက်ခြေထောက်များကို ရေသန့်စင်အောင်တစ်ဖြန်ဆေးထားပါ
အိုးတစ်အိုးထဲ ရေနွေးချက်ထားပါ ဆူလာပါက ထိုသန့်စင်ထားသော ကြက်ခြေထောက်ကို ထည့်ပါ

ထိုအိုးထဲ ပဲငံပြာရည်အနှောက်(သို့) ကြာညို့ ၊ဂျင်း၊ဆား၊ဟင်းချက် အရက်နဲနဲထည့်ကာ မိနစ်၂၅/၃၀ခန့်ပြုတ်ပါ
ကြက်ခြေထောက်ပြုတ်နေချိန်ကို အရသာပြင်ဆင်ပါ့မယ်နော်
ဇလုံတစ်ခုထဲ သကြား၊အရသာမှုန့်၊သံပုရာရည်ညစ်ထည့်ပါ၊ပဲငံပြာရည် အကြည်၊ငံပြာရည်အနည်းငယ်၊ ကြက်သွန်နီ၊ငရုတ်သီး လှီးထည့်ပါ၊ကြက်သွန်ဖြူ ပါးပါးလှီးထည့်ပါ၊ဂျင်းအမျှင်အမျှင်လေးလှီးထည့်ပေးပါ၊နံနံပင်အမျှစ်ကိုသေချာရေဆေးကာ ရိုက်ပြားထည့်ပါ၊သံပုရာသီးပါးပါးလှီးထည့်ပါ

ထို့နောက် နာနတ်ပွင့် ၊အထုံစေ့၊လေးညှင်းပွင့်အနည်းငယ် စသည်တို့ထည့်ပါ
ပြုတ်ထားသောကြက်ခြေထောက်မှာ အနေတော်နူးလာပါက ပြုတ်ရည်မှကြက်ခြေထောက်များကိုဆယ်ကာ ရေခဲရေထဲစိမ်ပီး ဆေးချပါ
အဆာပလာအရသာပြင်ဆင်ထားသော ဇလုံထဲ ရေခဲရေနှင့်ဆေးချထားသောကြက်ခြေထောက်ပြုတ်ကိုထည့်နယ်ပါ
ပြီးရင်တော့အရမ်းကို အရသာရှိသော ကြက်ခြေထောက်သံပုရာစားလို့ရပါပီရှင့်





