အီဂျစ်ပြည်ရဲ့ သမိုင်းစာမျက်နှာမှာချန်လှပ်ထားလို့လုံးဝမရတဲ့ ဘုရင်မတစ်ပါးရှိပါတယ်။ အလှဆုံးမိန်းမသားအဖြစ်အသိအမှတ်ပြုထားကြတဲ့ ဒီဘုရင်မဟာ သူ့ရဲ့အလှတရားကြောင့်ပဲ လုံးဝအာဏာစက်ပြင်းတဲ့ ဘုရင်မတစ်ပါးဖြစ်ခဲ့တာပါ။

သူမဟာ အီဂျစ်ဘုရင်တစ်ပါးရဲ့သမီးတော်တစ်ပါးဖြစ်ပြီးတော့ သူ့ခမည်းတော်သေဆုံးသွားတဲ့အချိန်မှာ ၁၈နှစ်အရွယ်ပဲရှိသေးတာဖြစ်ပါတယ်။ သူမအသက်၂၀အရွယ်ရောက်တဲ့အခါမှာတော့ စစ်ဘုရင်ဂျူးလိယက်ဆီဇာရဲ့ချစ်ခြင်းမေတ္တာကိုရရှိခဲ့ပြီး သူမအလိုရှိတဲ့ အာဏာကအစရယူနိုင်ခဲ့ပါတယ်။

ဆီဇာကွယ်လွန်ပြီးနောက်တွင် မတ်အန်တိုနီဆိုတဲ့ ရောမသူရဲကောင်းကလည်းကလီယိုပတ်ထရာရဲ့အလှတရားကျော့ကွင်းမှာ သက်ဆင်းသွားပြန်ပါတယ်။ ဒီသူရဲကောင်းကလည်း ကလီယိုပတ်ထရာအလိုကျ အုပ်စိုးမှုကိုခံခဲ့ရပြီးတော့ ကလီယိုပတ်ထရာသေတယ်ဆိုတဲ့သတင်းကြားပြီး သူ့ကိုယ်သူတောင်သတ်သေခဲ့သူဖြစ်ပါတယ်။

ကလီယိုပတ်ထရာဟာအီဂျစ်တစ်နိုင်ငံထဲနှင့်မကျေနပ်နိုင်ဘဲ ဂရိအင်ပါယာတည်ထောင်ပြီး ဘုရင်မလုပ်ဖို့စိတ်ကူးခဲ့ပေမဲ့ စစ်ပွဲရှုံးသွားတဲ့အခါမှာ အော့တေးဗီးယန်ဘုရင်၏လက်အောက်သို့ကျရောက်သွားခဲ့ရပါတယ်။ ကလီယိုပတ်ထရာဟာ ဒီဘုရင်ကိုလည်းတစ်ခြားသူရဲကောင်းတွေကိုဆွဲဆောင်သလို သူမအလှတရားနှင့်ဆွဲဆောင်ခဲ့ပေမဲ့ မအောင်မြင်တဲ့အခါ သူ့ကိုယ်ပိုင်ဓားနှင့်သတ်သေသွားခဲ့ပါတယ်။
