ထူးဆန်းတဲ့အဓိပ္ပါယ်တွေနှင့် Edvard Munch ရဲ့ပန်းချီကား

//s9.kh1.co/be/be33e40bc8d4c43c8b099a67d3d88dd66c66f2ae.jpg
MPT Lifestyle

 ၂၈-ပြီ-၂၀၂၃ ၈am · လွန်ခဲ့သော ၂ နှစ် က

ထူးဆန်းတဲ့အဓိပ္ပါယ်တွေနှင့် Edvard Munch ရဲ့ပန်းချီကား

၁၈၉၃ မှာရေးဆွဲခဲ့တဲ့ Edvard Munch ရဲ့ The Scream ဆိုတဲ့ပန်းချီကားဟာ အခုထက်ထိလူတွေကြားနာမည်ကျော်ပြီး အဓိပ္ပါယ်အမျိူးမျိူးကောက်ယူနေကြတဲ့ပန်းချီကားတစ်ခုပါ။

https://s9.kh1.co/__image/w=576,h=324,q=100/5a/5a417a24e41af703ad4d6f752db79314712d7201.png

ပန်းချီကားဟာ တံတားပေါ်က မျက်နှာစောင်းကြီးနှင့်လူတစ်ဦးရဲ့အနီးကပ်ပုံဖြစ်ပြီး နောက်ဖက်မှာလမ်းလျှောက်နေတဲ့လူ တစ်ချိူ့ရှိပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/84/849d6db73b522a42dd3176b683867a30c1acff20.png

ဒါပေမဲ့ ဒီပန်းချီကားရဲ့အရောင်သုံးစွဲပုံနှင့် အလင်းအမှောင်ချထားပုံ ပန်းချီဆရာရဲ့စုတ်ချက်တွေက ကြည့်မိသူတိုင်းကို စိတ်မသက်မသာဖြစ်အောင်လုပ်နိုင်ပါတယ်။ ပန်းချီထဲမှာအဓိကပါတဲ့လူရဲ့ တွန့်လိမ်နေတဲ့မျက်နှာ၊ ပြူးကျယ်နေတဲ့မျက်လုံးတွေနှင့် ပွင့်နေတဲ့ပါးစပ်တွေက ပန်းချီကားရဲ့နာမည်ဖြစ်တဲ့ အော်ဟစ်သံ ဆိုတဲ့နာမည်နှင့်လိုက်ဖက်လွန်းပါတယ်။

https://s9.kh1.co/__image/w=650,h=325,q=100/0d/0dc518fcb347842173f15f2d3e350ea8849e4df3.png

ပန်းချီကားကိုထူးဆန်းသွားစေတဲ့အချက်ကတော့ ဒီပန်းချီကားဟာဘာကိုမှ တိတိကျကျညွှန်းဆိုထားတာမရှိသလို ဘာကိုမှလည်းသေချာမဖော်ပြထားပါဘူး။ ပန်းချီကားကိုတွန့်လိမ်နေတဲ့ စုတ်ချက်တွေ တောက်ပတဲ့အရောင်တွေနှင့်အဓိကဖန်တီးထားပြီး ကြည့်မိသူတွေကိုတကယ်ကိုမွန်းကြပ်တဲ့ခံစားချက်ဖြစ်စေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/b7/b778ed747b26b63e274d99c71b0bd67226c8c1f3.jpg

ပန်းချီဝေဖန်သူတွေကတော့ ဒီပန်းချီဟာရှုပ်ထွေးနေတဲ့ အခုခေတ်ကိုသေချာရောင်ပြန်ဟပ်ဖော်ပြနိုင်တယ်လို့ပြောကြပါတယ်။ မွန်းကြပ်စရာကောင်းတဲ့ ဘဝကိုအကောင်းဆုံးဖော်ပြနိုင်တယ်လို့လည်းယူဆကြပါတယ်။

https://s9.kh1.co/__image/w=640,h=931,q=100/35/35d9f83798315f5beab89ef662e3c854ecd2ba8b.png

တစ်ချိူ့တွေကတော့ ဒီပန်းချီဟာရေးဆွဲသူ Edvard Munch ရဲ့စိတ်ဒဏ်ရာတွေ ပင်ပန်းမှုတွေကြောင့် ဒီလိုပုံဖြစ်လာရတာလို့လည်းခန့်မှန်းပြောဆိုခဲ့ကြပါတယ်။ ပန်းချီရေးဆွဲခဲ့တဲ့ Edvard ကတော့ဒီပန်းချီဟာ သဘာဝထဲကမပြီးဆုံးနိုင်တဲ့အော်သံ ကိုကိုယ်စားပြုရေးဆွဲထားတယ်လို့ပြောခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=860,q=100/77/772adff97f0d7335ddc330d930197a09ee39de64.png
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T