မီးပွင့်တွေမှာ အနီ၊ အဝါ၊ အစိမ်း စတဲ့အရောင်တွေကို ဘာကြောင့်အသုံးပြုရတာလဲလို့ တွေးဖူးပါသလား..။ အခြားအရောင်တွေအများကြီးရှိရက်နဲ့ ဘာကြောင့် ဒီအရောင်တွေကိုပဲ အသုံးပြုရတာလဲ..။ ဒီအကြောင်းတွေကို အသေးစိတ်သိရဖို့အတွက် ဆောင်းပါးလေးကို အဆုံးထိဖတ်ဖို့တော့လိုမယ်နော်..။

၁၉၁၀ လောက်ကစတင်ပြီး နိုင်ငံတော်တော်များများမှာ ယာဉ်ကြောရှင်းလင်းတဲ့နည်းလမ်းကို စတင်ခဲ့ကြပါတယ်။ ဝီစီနှင့် မီးလုံးတွေကိုအသုံးပြုပြီး ယာဉ်တွေရပ်ရမယ့်အချိန်နှင့် သွားရမယ့်အချိန်ကို အချက်ပြခဲ့ကြပါတယ်။ ၁၉၂၀ မှာ Williams Potts က ပထမဆုံးမီးပွိုင့်ကို တီထွင်ခဲ့ပါတယ်။ ဒါပေမယ့် မီးပွိုင့်ရဲ့အရောင်တွေကို စနစ်တကျသတ်မှတ်ထားခြင်းမရှိတာကြောင့် တစ်နေရာနှင့်တစ်နေရာ အရောင်မတူတဲ့အတွက် အခက်အခဲဖြစ်ရပါတယ်။ ၁၉၃၅ ရောက်မှသာ အုပ်ချုပ်ရေးအဖွဲ့တွေက အနီ၊ အဝါ၊ အစိမ်း စတဲ့အရောင်တွေနဲ့ မီးပွိုင့်တွေကို စတင်အသုံးပြုဖို့ သတ်မှတ်ခဲ့တာပါ။

မီးပွိုင့်တွေကိုအသုံးမပြုခင်ကတည်းက ရထားလမ်းတွေမှာ အနီ၊ အဖြူ၊ အစိမ်းစတဲ့အရောင်တွေကို အသုံးပြုပြီးဖြစ်ပါတယ်။ ဒါကိုအခြေပြုပြီး အဖြူနေရာမှာ အဝါကိုအစားထိုးကာ မီးပွုင့်တွေမှာအသုံးပြုတာဖြစ်ပါတယ်။ အကြောင်းကတော့ အဖြူရောင်ထက် အဝါရောင်ဟာ ပိုပြီးထင်သာမြင်သာရှိတဲ့အတွက်ဖြစ်ပါတယ်။ သို့ပေမယ့် ရထားပွိုင့်တွေနဲ့မတူဘဲ အစိမ်းရောင်ကို ဆက်သွားဖို့အသုံးပြုပြီး အဝါရောင်ကို သတိဖြင့်သွားလာဖို့ အသုံးပြုကြပါတယ်။

အန္တရာယ်ရှိတဲ့အခြေအနေနဲ့ ယာဉ်ကိုရပ်တန့်ဖို့အတွက်တော့ အနီရောင်ကိုအသုံးပြုပါတယ်။ အကြောင်းကတော့ အနီရောင်တွေဟာ မျက်လုံးအာရုံကိုဖမ်းစားနိုင်ပြီး အဝေးကရုတ်တရက်လှမ်းကြည့်ရုံနဲ့ မြင်နိုင်တဲ့အတွက်ဖြစ်ပါတယ်။






