မိန်းကလေးတိုင်း Fashion ကျကျ လှနေစေဖို့

//s9.kh1.co/52/52949311743ce9323e710fab2148d8fa6990939b.jpg
MPT Lifestyle

 ၂၄-ပြီ-၂၀၂၃ ၁၀pm · လွန်ခဲ့သော ၂ နှစ် က

ဖက်ရှင်ရေစီးကြောင်းတွေပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ထသွားထလာကနေစပြီး...


ဖက်ရှင်ရေစီးကြောင်းတွေပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ထသွားထလာကနေစပြီး ပွဲတက်အထိ ကိုယ်ဝတ်မယ့် အဝတ်အစားက စတိုင်ကျ လှပနေစေဖို့အတွက် အင်္ကျီရွေးရတာ အချိန်အရမ်းပေးရပါတယ်။ မိန်းကလေးတိုင်းလိုလို အပြင်ထွက်ရပြီဆိုရင် အင်္ကျီလှလှရွေးဖို့အချိန်လုနေရပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ အင်္ကျီရွေးတဲ့အခါအဓိကကျတဲ့အချက် (၃) ချက်ကို ဝေမျှပေးလိုက်ပါတယ်။ ဒီတော့ အဲ့ဒီအချက်လေးတွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ကြရအောင်။

ခေတ်ဆန်ရမယ်။

https://s9.kh1.co/__image/w=650,h=735,q=100/c8/c86c9341d869dcb52b171572e9897b7313975509.jpg

Fashion ကျဖို့ ပထမအချက်ကတော့ ခေတ်မှီရပါမယ်။ Design တွေက အရမ်း Hot ဖြစ်ပြီး လန်ထွက်မနေရင်တောင် ခေတ်ရေစီးကြောင်းအတိုင်း ခေတ်စားနေတဲ့ အင်္ကျီလေးတွေ အဆင်လေးတွေကို ရွေးဝတ်ရပါမယ် ။

သင့်တင်ရမယ်။

https://s9.kh1.co/__image/w=650,h=804,q=100/59/5980f3df71c8d3e60f416830d5af6dbcf7ce1f23.jpg

ဒုတိယအချက်အနေနဲ့ကတော့ နေရာဒေသအလိုက် သင့်တင့်တာလေးတွေကို ဝတ်ဆင်တတ်ရပါမယ်။ ဘုရားသွားရင် မြန်မာဝတ်စုံလေးဝတ် သူငယ်ချင်းတွေနဲ့ အပြင်သွားရင် Dress ဂါဝန်လေးဝတ် ရုံးသွားရင် ရုံးနဲ့သင့်တော်တာလေးကို ဝတ်သင့်ပါတယ်။

ရာသီဥတုနဲ့ ကိုက်ညီတာကို ရွေးချယ်ဝတ်ဆင်ပါ။

https://s9.kh1.co/__image/w=650,h=866,q=100/5f/5f14baa0d5d50297d974ffa8a933ede42c1fb2ef.jpg

လှရုံနဲ့မပြီးသေးပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်ပြီး သက်တောင့်သက်သာရှိဖို့လဲ အရေးကြီးတယ်ပါတယ်။

ပူတဲ့ရာသီဆို အေးတဲ့ ချည်ထည်လေးတွေကိုရွေးဝတ်ပြီး ဆောင်းဝင်လာရင် အနွေးထည်လေးနဲ့ ရှိုးထုတ်လို့ရပါတယ်။

ဒီအချက်လေးတွေက ကိုယ့်ကိုအရင်ထက်ပိုစတိုင်ကျအောင် ကူညီပေးနိုင်မှာပါ။ ကိုယ့်အနေနဲ့ ထပ်ပြီး လုပ်ဆောင်နိုင်တဲ့အရာကတော့ ကိုယ်နဲ့စတိုင်လ်တူပြီး ဖက်ရှင်ကျကျဆင်မြန်းတတ်တဲ့ ဖက်ရှင်Blogger ၊ အနုပညာရှင်၊ မော်ဒယ်စတဲ့သူတွေကိုလည်း အမြဲမပြတ်စောင့်ကြည့်နေဖို့လည်း လိုအပ်ပါတယ်နော်...

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T