ကျန်းမာရေးကို အထောက်အကူပြုတဲ့ ကန်စွန်းရွက်

//s9.kh1.co/65/6549eea9399c4f69e6fc424cb46548de9ff1adcc.png
MPT Lifestyle

 ၂၄-ပြီ-၂၀၂၃ ၁၀pm · လွန်ခဲ့သော ၂ နှစ် က

ကန်စွန်းရွက်ကို အရံဟင်းပွဲတွေအဖြစ် ကြော်စားကြသလို ..

ကန်စွန်းရွက်ကို အရံဟင်းပွဲတွေအဖြစ် ကြော်စားကြသလို အရည်အသောက်အဖြစ်လည်း ချည်ရည်ဟင်း ချက်သောက်ကြပါတယ်။ ဒါ့အပြင် လူကြိုက်များတဲ့ အစားအစာတွေဖြစ်တဲ့ ရှမ်းခေါက်ဆွဲ၊ ကော်ရည်ခေါက်ဆွဲ၊ ဟော့ပေါ့၊ မာလာရှမ်းကော တို့မှာလည်း ကန်စွန်းရွက်က မပါမဖြစ်ပါပဲ။

https://s9.kh1.co/__image/w=550,h=338,q=100/65/6549eea9399c4f69e6fc424cb46548de9ff1adcc.png

ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ B1၊ စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်စတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာကြောင့် ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေတဲ့အပြင် အသားအရေ ကိုလည်း လှပကြည်လင်စေပါတယ်။  

https://s9.kh1.co/__image/w=600,h=384,q=100/cc/cc877a1d460da7a552287b27fdaa72976278c458.png

၀က်ခြံ ၊ တင်းတိပ် ၊ အမည်းစက်တွေနဲ့ မျက်နှာ အသားအရေ အရောင်မညီ ဖြစ်တဲ့သူတွေ အတွက် ကန်စွန်းရွက် ကို ကြိတ်ပြီး လိမ်းပေးမယ်ဆိုရင် သက်သာ လာစေနိုင်ပါတယ်။ မီးအပူလောင်တဲ့ ဒဏ်ရာတွေ အတွက်လည်း ကန်စွန်းရွက်ကိုကျိတ်ပြီး ရတဲ့အရည်ကို သကြား နဲ့ ရောစပ်ကာ လိမ်းပေးခြင်းဖြင့် အပူလောင်ခြင်း ကို သက်သာစေကာ အမာရွတ်ပါ မကျန်အောင် ပျောက်ကင်း စေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/08/08371c36745b3f82f9979f6b9032208ab09b358c.jpg

ကန်စွန်းရွက်ကို ဝမ်းနုတ်ဆေး၊ သန်ချဆေးအဖြစ် ကျန်းမာရေးဆိုင်ရာကျွမ်းကျင် သူတွေက ယုံကြည် ကြသလို ကိုယ်အလေးချိန်လျှော့ချလိုသူတွေအတွက်လည်း ကောင်းပါတယ်။ ကန်စွန်းရွက်ဟာ အိပ်မပျော်တဲ့သူ အတွက် အိမ်သုံး သဘာဝဆေး တစ်လက်လိုမျိုး အသုံးဝင်ပါတယ်။ ကန်စွန်းရွက်ကို စားရင် အချိန် ကြာကြာ အိပ်ပျော် စေတာမျိုး မဟုတ်ဘဲ အိပ်စက်မှု အရည်အသွေးကို ပြည့်ဝစေ တာကြောင့် နိုးထလာတဲ့အခါ လန်းဆန်းစေ နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=489,q=100/1b/1b7e5f52702a714b4abb12ad7674cdcbe7650ef8.jpg

ဒီလိုအကျိုးကျေးဇူးတွေများတဲ့ ကန်စွန်းရွက်က ပတ်ဝန်းကျင်မှာလည်း ငွေကုန် သက်သာစွာ အလွယ်တကူ ရရှိနိုင်ပြီး ကျန်းမာရေး ကို အထောက်အကူ ဖြစ်စေတဲ့အတွက် မဖြစ်မနေ စားသုံး ပေးကြပါနော်

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T