အော်ကွေ့ကြည် လုပ်စားကြမယ်...
မုန်လာဥမုန့် အော်ကွေ့ကြည် လုပ်နည်း
မုန်လာဥရယ်လို့ သီးသန့်မဟုတ်ဘဲ ပိန်းဥ၊ရွှေဖရုံ၊မုန်လာဥ ကြိုက်နှစ်သက်သလို လုပ်စားနိုင်ပါတယ်။
ဒါပေမဲ့ တကယ့် မူရင်းကတော့ ပိန်းဥနဲ့ လုပ်ကြတာပါ ပါ။ ဒါပေမယ့် လူတွေဝယ်ရလွယ်တဲ့ မုန်လာဥနဲ့လုပ်နည်းလေးကိုပဲ ဒီတစ်ခေါက်ဝေမျှပေးသွားပါမယ်နော်

မုန်လာဥ(၁၅ကျပ်သားခန့် /အလုံးကြီးနှစ်လုံးလောက်) ကို အခွံတွေဖယ်။အတုံးသေးတုံးပြီး၊ ရေနွေးပွက်ပွက်ဆူထဲမှာ ခဏထားပြီး ပြန်ဆယ်ပါ။ အနံ့နဲ့ ရှတတအရသာ ပျောက်သွားအောင်ပါ။
ပြီးရင် blanderနဲ့ ပြန်ကြိတ်ပြီး ကြိတ်တဲ့အခါ ရေနဲနဲထည့်ကြိတ်ပေးပါ။ ပုဇွန်ခြောက် ဟင်းခတ်ဇွန်းတစ်ဇွန်းစာလောက်ကိုလည်း ကြိတ်ထားပေးပါ။ ပြီးရင် ဆန်အစိမ်းမှုန့်(မွှေးတံဆိပ်)တစ်ထုပ်။ ကော်မှုန့်ဟင်းခတ်ဇွန်းသုံးဇွန်း နဲ့ အသားမှုန့်သင့်တင့်ရုံထည့်ပြီး အားလုံးကို သမအောင် ရောမွှေပါ။
စတီးချိုင့်ထဲကို ဆီနဲနဲသုတ်ပါ။ ပြီးရင် လုပ်ထားပြီးသား မှုန့်နှစ်ကို စတီးချိုင့်ရဲ့သုံးပုံပုံ တစ်ပုံထည့်ပြီး ရေနွေးငွေ့နဲ့မိနစ်လေးဆယ်ခန့် ပေါင်းပါ။
အဲ့ဒါကို အအေးခံပြီးရင်တော့ ကြော်လို့ရပါပြီနော်။

အချဉ်ရည် အတွက် ထန်းလျှက်ကို ရေနွေးနဲ့ကြိုပါ။
ထန်းလျှက်အညို သုံးခဲလောက်ဆို ရေမြုပ်ရုံထည့်ပြီး အပူပေးပါ။
မန်ကျည်းသီး ရေဖျော်ထားပါ။ကြက်သွန်ဖြူသုံးတတ်လောက်နဲ့
ငရုတ်သီးစိမ်းလေးတောင့်လောက် ကိုထောင်းပေးပါ။
ငရုတ်ဆော့စ်ထဲ ဆားအနည်းငယ်ထည့်ပါ။ပြီးရင် အားလုံးကို သမအောင်မွှေပါ။ ကြိုက်တတ်ရင် နံနံပင်ညှပ်ထည့်လို့ရပါတယ်။
အရမ်းစားလို့ကောင်းပြီး လုပ်ရလွယ်တဲ့နည်းလေးမလို့ အိမ်မှာ ကြော်စားကြည့်ကြဦးနော်





