အိမ်မှာလိမ္မော်သီးတွေဝယ်စားပြီး အခွံကိုပစ်ထားတုန်းလား။ လိမ္မော်သီးအခွံကို အကျိုးရှိရှိသုံးလို့ရတယ်ဆိုတာ သင်သိပြီးပြီလား။ မသိသေးရင် ဒီဆောင်းပါးကိုဆုံးအောင်ဖတ်ပြီး စမ်းလုပ်ကြည့်လို့ရပါတယ်။ အခြားအသုံးဝင်တဲ့နည်းလမ်းတွေကို သိထားရင်လည်း ပြန်လည်မျှဝေလို့ရပါတယ်။

လိမ္မော်သီးတွေဟာ အရသာကောင်းပြီး ဗိုင်တာမင်ဓာတ်တွေ အပြည့်အဝပါဝင်ပါတယ်။ လိမ္မော်သီးတွေဟာ Vitamin C ရဲ့ အရင်းအမြစ်ဖြစ်ကြောင်း အားလုံးသိကြတဲ့အပြင် Folic acid ရရှိအောင် အပြည့်အဝကူညီပေးပါတယ်။ ဒါပေမယ့် လက်ကျန်အခွံတွေရဲ့ အကျိုးရှိပုံကိုတော့ မသိကြပါဘူး။

လိမ္မော်သီးအခွံကို နှစ်ခြမ်းဖြစ်စေတဲ့နည်းလမ်းနဲ့ ခွာထားမယ်ဆိုရင် ဖယောင်းတိုင်ကိုအသုံးပြုပြီး မွေးပျံ့တဲ့ကိုယ်ပိုင် ရနံ့ရအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့လုပ်ဆောင်ချက်အတိုင်း လုပ်ဆောင်ပါက စျေးကြီးတဲ့ဖယောင်းတိုင်ကိုဝယ်စရာမလိုတော့ဘဲ မွှေးကြိုင်တဲ့အနံ့ကို ဖန်တီးလို့ရပါတယ်။

- လိမ္မော်သီးအခွံကို နှစ်ခြမ်းခွဲတဲ့နည်းလမ်းအတိုင်း ခွာလိုက်ပါ။
- ဖယောင်းတိုင်မှာပါဝင်တဲ့ ဖယောင်းကိုဖယ်ပြီး အရည်ဖျော်လိုက်ပါ။
- လိမ္မော်ခွံကို ပန်းကန်လုံးပုံထောင်ထားပြီး အလယ်မှာ မီးထွန်းနိုင်ဖို့ မီးစာကို ထားရပါမယ်။
- လိမ္မော်ခွံထဲကို ဖယောင်းရည်တွေလောင်းထည့်ပါ။ မီးစာကို အလယ်မှာရှိကြောင်းသေချာပါစေ။
- ဖယောင်းရည်အနည်းငယ်ခဲသွားတဲ့အခါ အောက်မှာပြထားတဲ့ပုံအတိုင်း လှပတဲ့မီးရောင်လေးတွေအပြင် မွှေးကြိုင်တဲ့ရနံ့တွေကို ရရှိနေမှာဖြစ်ပါတယ်။






