ရန်သူ့ဦးခါင်းကိုဖြတ်လာနိုင်ရင် ဆုချီးမြှင့်တဲ့ ဓလေ့ရှိတဲ့ နာဂလူမျိုးများ

//s9.kh1.co/45/45b5e5d81d9f0b1c2aa2bb130d888613818b9dad.jpg
MPT Lifestyle

 ၁၉-ပြီ-၂၀၂၃ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

နာဂလူမျိုးများဟာ မြန်မာနိုင်ငံမြောက်ဘက်အိန္ဒိယနိုင်ငံနှင့်မြန်မာနိုင်ငံနယ်စပ်ရှိ နာဂတောင်တန်းမှာ နေထိုင်ကြတဲ့ မျိုးနွယ်စုပဲ ဖြစ်ပါတယ်။ မျိုးနွယ်စုမှာ သီးခြားနေထိုင်ကြတဲ့ အခြား နာဂမျိုးနွယ်များစွာလည်း ရှိသေးပါတယ်။ လူမျိုးများဟာ တစ်မျိုးတည်းသာ ဖြစ်ပေမယ့် နေထိုင်ရာ ဒေသ၊အနေအထားကိုလိုက်ပြီး စကားနှင့် ရိုးရာဓလေ့ထုံးစံများက အနည်းငယ်စီ ခြားနားကွဲလွဲနေကြပါတယ်။

Photo Credit - From Google
Photo Credit - From Google

နာဂမျိုးနွယ်စုများရဲ့ မျက်နှာပေါ်မှာ တွေ့မြင်ရတဲ့ ဆေးမှင်ကြောင်းများဟာ ရှေ့ယခင်ကတည်းက အဓိပ်ပါယျမြားဖွငျ့ ရေးထိုးကြတာ ဖြစ်ပါတယ်။ နာဂတို့ စစ်တိုက်ရာမှာလည်း ညအခါကိုသာ ရွေးပြီး တိုက်ကြတာဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google

ညအခါမှာ တိုက်မဲ့ ရန်သူ့ ရွာတစ်ရွာကို ဝိုင်းထားပြီး နံနက်မိုးသောက်တာနဲ့ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ကြတာ ဖြစ်ပါတယ်။ တိုက်ခိုက်ရာမှာလည်း အုပ်စုများဖွဲ့ပြီး အုပ်စုတစ်စုက ရွာထဲကိုဝင်တဲ့အခါ မြင်သမျှကို ခေါင်းဖြတ်တိုက်ခိုက်ကြသလို အခြားအုပ်စုက ရွာနှင့်မလှမ်းမကမ်းရှိ စပါးကျီးများကို မီးတင်ရှိုလေ့ရှိကြပါတယ်။

Photo Credit - From Google
Photo Credit - From Google

နာဂလူမျိုးနွယ်စုရဲ့ ထူးခြားတဲ့ ဓလေ့မှာ သူတို့ရဲ့အသေးစိတ်ကျတဲ့ ဆေးမှင်ကြောင် များနှင့် တိုက်ပွဲအတွင်း ရန်သူ့ခေါင်းကို ဖြတ်လာနိုင်ခဲ့ရင် ဆုချီးမြှင့်တဲ့ ဓလေ့ကိုကျင့်သုံးကြပါတယ်။ ယင်းကဲ့သို့ ရန်သူ့ ခေါင်းကိုဖြတ်ရခြင်းအားဖြင့် မှော်အတတ်ကို ရရှိနိုင်တယ်လို့ နာဂလူမျိုးများက အယူအစွဲရှိခဲ့ကြပါတယ်။ အချို့ ခေါင်းအရနည်းခဲ့ရင်လည်း ခေါင်းတစ်လုံးတည်းကို ဝေခြမ်းယူကြပြီး အဲ့ဒီထဲမှာ ခေါင်းများများ ဖြတ်နိုင်သူဟာ လူစွမ်းကောင်းဖြစ်တာကြောင့် ထိုသူရဲ့ အိမ်ပေါက်ဝမှာ ဖြတ်ထားတဲ့ ရန်သူ့ခေါင်းများကို ဆွဲချိတ်ထားကြတာ ဖြစ်ပါတယ်။

Photo Credit - From Google
Photo Credit - From Google

ဒီလို ဦးခေါင်းခွံများကို အိမ်အဝမှာ ချိတ်ဆွဲထားခြင်းဖြင့် သူတို့ရဲ့ရဲစွမ်းသတ္တိနဲ့ ချမ်းသာကြွယ်၀မှုကိုဖော်ပြတယ်လို့ နာဂခေါင်းဖြတ် မျိုးနွယ်စုက ခံယူထားကြပါတယ်။ နာဂလူမျိုးဟာ ခေါင်းဖြတ်တဲ့ ဓလေ့ကို ၁၉ ရာစု တောက်လျှောက်မှာ ကျင့်သုံးခဲ့ပေမယ့် ၁၉၇၀ ခုနှစ် လောက်မှာတော့ ပျောက်ကွယ်သွားခဲ့တယ် လို့ သိရပါတယ်။ ဒါပေမယ့် တချို့ ခေါင်းဖြတ် နာဂလူမျိုးများကတော့ ဒီဓလေ့ကို ရိုးရာအမွေအဖြစ် ဆက်လက်ထိန်းသိမ်းထားတုန်းပဲလို့ သိရပါတယ်။

Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google
Photo Credit - From Google

သတင်း အရင်းအမြစ် Source - wikipedia.org

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T