ငါးကြင်းနဲ့ချက်တဲ့ငါးငပိချက်…

//s9.kh1.co/8e/8e179ac92ce6b342e2cbc6035d8db4ef627c5e70.jpg
MPT Lifestyle

 ၂၁-ပြီ-၂၀၂၃ ၈am · လွန်ခဲ့သော ၂ နှစ် က

ငါးကြင်းငပိချက် မွှေးမွှေးလေး ချက်နည်းကို‌ ပြောပြပေးမယ်နော်၊

ငါးကြင်းနဲ့ချက်တဲ့ငါးငပိချက်…

ငါးနဲ့ ချက်တဲ့ ငါးငပိချက်ကောင်းကောင်းလေးကို စားချင်သူတွေအတွက် ဒီတစ်ခေါက်မှာတော့ ဗမာလူမျိုးအကြိုက် ငံစပ်လေးနဲ့အရသာရှိတဲ့ ငါးကြင်းငပိချက် မွှေးမွှေးလေး ချက်နည်းကို‌ ပြောပြပေးမယ်နော်၊ အရမ်းလွယ်လို့အိမ်မှာအတူတူ လိုက်ချက်ကြည့်ရအောင် …

ပြုလုပ်ပုံအဆင့်ဆင့်

ငါးကြင်း ကို ရေ အနည်းငယ်ဖြင့် ပြုတ်၍အရိုး နွှင် ထား ပါ ၊ ငပိရည် ကို ဆနွင်း အနည်းငယ်ခက် ကျို ပီး အရိုးစစ် ထုတ် ၍ အရည် သာ ဖယ်ထားပါ၊ ကြက်သွန် ဖြူ ၊နီကို မညတ်တညတ် ထောင်းပါ၊ အိုးထဲ ဆီ အနည်း ငယ်မျှ သာ ထည့် ၍ ထောင်းထားသော ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ ထည့်၍ ဆီသက်ပါ ။

https://s9.kh1.co/__image/w=650,h=488,q=100/31/317fa26c97160f1526f9388b4f156186ba805715.jpg

ထို့နောက် အရိုးနွှင်ထားသော ငါး ကို ထည့်၍ ဆီသက်ပါ။ ငါးဆီသက် ၊ အရိုးစစ်ထုတ်ပြီး ဖယ်ထားသော ငပိရည်ကျို ကို လောင်းထည့် ပါ။ အချိုမှုန့် အနည်းငယ် ထည့် ပီး လိုသလောက် အရည်အနေအထား ရသည်အထိ တည်ထားပါ။ ထို့ နောက် ငရုပ်သီးစိမ်း များများ ထောင်းပီး ထည့်၍ ခဏထားပါ၊အရည်စပ်စပ်လေးချပြီး နံနံပင်လေးအုပ်ပါ၊ချဉ်စပ်လေးကြိုက်ရင်တော့ မန်ကျည်းရည်လေးပါထည့်ပါ။

https://s9.kh1.co/__image/w=400,h=286,q=100/90/90511d6c0a62b51dfd0966b429f87d5540d2296a.jpg

ငါးကြင်းကို အတုံးလိုက်ချက်စားချင်ရင်တော့ ငါးကိုသန့်စင်ပြီး ဆား၊အချိုမှုန့်၊ဆနွင်းမှုန့်တို့နဲ့နယ်ထားပါ ထောင်းထားတဲ့ ကြက်သွန်ကို ဆီသတ်ပြီး ငါးအတုံးကိုထည့်ပါ၊ပြီးရင်တော့ အပေါ်ကနည်းအတိုင်းပါပဲနော်…

အရမ်းကို အရသာရှိပြီးအတို့အမြုပ်အစုံနဲ့သာစားလိုက်ရရင်ဖြင့်ထမင်း တစ်လုံးချက်လောက်တော့အသာလေးပဲနော်… ကဲ ထမင်းမြိန်အောင် အခုပဲချက်စားကြည့်ရအောင်

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T