နွေရာသီကာလ အသားရေထိန်းသိမ်းနည်း

//s9.kh1.co/84/845c6bfd8b7c574cbfbef84505bd372a2d0d335d.webp
MPT Lifestyle

 ၁၈-ပြီ-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

နွေရာသီဆိုတာက ကျွန်မတို့ရဲ့အသားရေကို စိန်ခေါ်မှုတွေလုပ်နေတဲ့...


နွေရာသီဆိုတာက ကျွန်မတို့ရဲ့အသားရေကို စိန်ခေါ်မှုတွေလုပ်နေတဲ့ရာသီပါ။ မြန်မာနိုင်ငံလို  ပြင်းထန်တဲ့ အပူချိန်က ကျွန်မတို့ရဲ့အသားရေကို ပျက်စီးစေနိုင်ပါတယ်။ အခုလို ပူပြင်းလွန်းတဲ့နွေရာသီမှာ ကိုယ့်ရဲ့ အသားအရေကို ဂရုတစိုက်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ နွေရာသီက နေရထိုင်ရ ပူတဲ့အပြင် အသားတွေပါ မည်းစေပါတယ်။ ဆောင်းရာသီလိုပဲ နွေရာသီမှာလည်း ဖြေရှင်းရတဲ့ အသားအရေ ပြဿနာတွေကလည်း အများကြီးပါ။ ဒီတစ်ခေါက်တော့ နွေရာသီရဲ့ အပူဒဏ်ကြာင့် အသားအရေ ထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် ထိန်းသိမ်းနည်းလေးတွေ ပြောပြမယ်နော်။

·         မိတ်ကပ်လိမ်းတာကို လျော့ပါ။

https://s9.kh1.co/__image/w=650,h=432,q=100/00/0054b7f714c5ac26ff3abac53cc42483faca6549.jpg

ပူအိုက်တဲ့အချိန် မျက်နှာမှာ မိတ်ကပ်အများကြီးလိမ်းတာက အသားအရေကို ပိုပြီးထိခိုက်စေတာကြောင့် ရှောင်သင့်ပါတယ်။ မိတ်ကပ်အစာ Moisturizer ကို ပိုပြီး အသုံးပြုပေးပါ။

·         အသားရေကို ပုံမှန်သန့်စင်ပေးပါ။

https://s9.kh1.co/__image/w=650,h=488,q=100/43/431f2220ef1c5f78752e46b057aae6b10b1a28dd.jpg

 အပူဒဏ်ကြောင့် ခြောက်သွေ့မှုက အသားရေမှာ ဖုန်မှုန့်တွေဖြစ်လာစေပါတယ်။ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖိုအတွက် ပုံမှန်သန့်စင်ပေးသင့်ပါတယ်။ ဒါကြောင့် အပျော့စား မျက်နှာသစ်ဆေးနဲ့ ပုံမှန်သစ်ပေးတာက နွေရာသီမှာ အကောင်းဆုံးပါပဲ။

·         Sunscreen လိမ်းပေးပါ။

https://s9.kh1.co/__image/w=650,h=434,q=100/fc/fc316e304819d2dab1279ee1db99ca8fe0d4f65a.jpg

Sunscreen ကတော့ နွေရာသီမှာ သင့်အတွက် အကောင်းဆုံးအဖော်မွန်ပါ။ ခရမ်းလွန် ရောင်ခြည်ကို ကာကွယ်နိုင်တဲ့ SPF 30-50 ရှိတဲ့ Sunscreen ကို ရွေးချယ်ပေးပါ။

·         ဗီတာမင် စီ ပါတဲ့ အစားအစာတွေ စားပါ။

https://s9.kh1.co/__image/w=650,h=488,q=100/43/431f2220ef1c5f78752e46b057aae6b10b1a28dd.jpg

ကော်လာဂျင် ကောင်းကောင်းထုတ်နိုင်ဖို့အတွက် ဗီတာမင် စီ ပြည့်ပြည့်ဝဝရှိဖို့လိုအပ်ပါမယ်။ ဗီတာမင် စီ ပြည့်ဝမှလည်း အသားအရေက စိုစိုပြည်ပြည်နဲ့ တင်းရင်းလှပနေမှာပါ။ အစိုဓာတ်လည်း ထိန်းပေးနိုင်ပါတယ်။ ဒါကြောင့် နွေရာသီ အပူဒဏ်ကို အံတုနိုင်ဖို့ လိမ္မော်သီး၊ သံပရိုသီး၊ ဇီးဖြူသီး၊ ဂရိတ်ဖရုခ်၊ ခရမ်းချဉ်သီးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားပေးသင့်ပါတယ်။

·         ရေများများသောက်ပါ။

https://s9.kh1.co/__image/w=650,h=434,q=100/a1/a14508159348b8fb315d3c98f555fffef091e6ec.jpg

ပူအိုက်တဲ့ နွေရာသီမှာ ရေကလည်း အသားရေထိန်းသိမ်းဖိုအတွက် အရေးကြီးဆုံးအရာပါပဲ။ ရေများများသောက်ပေးမယ်ဆိုရင် ရေဓာတ်ဆုံးရှုံးတာတွေမဖြစ်ဘဲ အသားရေကို နူးညံ့စိုပြေအောင် ထိန်းပေးပါတယ်။ ရေက ခန္ဓာကိုယ်က အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားသန့်စင်ပေးပါတယ်။

အပူချိန်များလာတာနဲ့ အသားရေတွေ ပိုပြီး အဆီပြန်လာပြီး သက်တောင့်သက်သာမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရေဓာတ်ဖြည့်ပေးပြီး နေရောင်ဒဏ်ကာကွယ်ပေးတဲ့ အစိုဓာတ်ထိန်းပေးနိုင်မယ့် Moisturizer ကို သုံးပေးဖို လိုလာပါပြီ။ မဖြစ်မနေ နေရောင်ခြည်ကာကွယ်ပေးတဲ့ ခရင်မ်တို့၊ အသားရေပိုပြီးခြောက်သွေ့လာတာကို လျော့ချပေးနိုင်တဲ့၊ နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ Sunscreen တို့ကို လိမ်းပေးသင့်ပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T