မိတ်ကပ်လိမ်းတယ်ဆိုတာ ပန်းချီးကား တစ်ချပ်ကို ဆေးခြယ်နေရသလိုပါပဲ။ စိတ်ပါမယ်ဆို၊ စကေးရှိမယ်ဆို ဆေးစက်ကျရာတိုင်းက အသက်ဝင်နေတတ်ပြီး စိတ်မပါ၊ အလေ့အကျင့်ကလည်း မရှိဘူးဆို ပုံကောင်းက ဘယ်လိုမှ ထွက်မလာတော့ပါဘူး။ မိတ်ကပ်ပြင်တဲ့ အခါမှာလည်း ထိုနည်းတူပါပဲ။
မိတ်ကပ်ပြင်တော့မယ်ဆိုရင်လည်း Makeup Brush တွေက အရမ်းအရေးပါပါတယ်။ ဒီတိုင်း လက်တွေနဲ့ သုံးတာထက် Brush နဲ့သုံးတာက ပိုပြီးသပ်သပ်ရပ်ရပ်နဲ့ ပိုလှပါတယ်။ ဒါကြောင့် မိတ်ကပ်ပြင်ဖို့အတွက် အဓိကလိုအပ်တဲ့ Makeup Brush လေးတွေကိုပဲ ရွေးပြီးဖော်ပြပေးလိုက်ပါတယ်။
Foundation brush

အောက်ခံမိတ်ကပ် Foundation ကို လိမ်းတဲ့အခါမှာ Foundation brush ကိုသုံးပြီးလိမ်းရင် မိတ်ကပ်သား ပိုလှပြီး ညက်ညက်လေးနဲ့ ပိုကြည့်ကောင်းစေပါတယ်။ မိတ်ကပ်ကွက်တာ၊ မညီတာမျိုးလည်း မဖြစ်စေပါဘူး။ မိတ်ကပ်က Cream Type ဒါမှမဟုတ် Liquid Type တို့အတွက်လည်း အသုံးပြုလို့ ရပါတယ်။
Powder brush

အောက်ခံမိတ်ကပ်လိမ်းပြီးလို့ Powder ပုတ်တော့မယ်ဆိုရင် သူ့မှာပါတဲ့ Puff နဲ့ လိမ်းတာက ထူသလို ဖြစ်သွားစေပါတယ်။ Powder brush ကိုသုံးပြီး လိမ်းမယ်ဆိုရင်တော့ ပါးပါးလေးနဲ့ ညီညာပြီး ပို လှစေသလို ကွက်တာတွေလဲမဖြစ်တော့ပါဘူး။ Powder brush ဆိုတာက အမွှေးပွလေးနဲ့ ခပ်ကြီးကြီးစုတ်တံလေးပါ။ စုတ်တံက နု နေရင် မျက်နှာမှာပေါင်ဒါတွေ ထူတတ်ပါတယ်။ ဒါကြောင့် ဝယ်တဲ့အခါမှာ အရမ်း Size ကြီးတာမျိုးမဝယ်ဘဲ အနေတော် Medium size လောက်ကို ရွေးချယ် သင့်ပါတယ်။
Contouring Brush

Contouring Brush ကိုတော့ မျက်နှာလေး ပိန်သွယ်သွယ်လေးဖြစ်အောင် ပါးရိုးချ၊ မေးရိုးချတဲ့ နေရာမျိုးမှာ အသုံးပြုပါတယ်။ ဒီ brush ကတော့ ထိပ်လေးမှာ အစောင်းပုံစံလေးရှိနေပြီး အမွှေးလေးတွေက ထူထူသိပ်သိပ်လေး ဖြစ်နေပါတယ်။ Contour အရမ်းသုံးတာများသွားရင်လဲ မျက်နှာက ပိုပြီးအရွယ်ကျသွားသလို ဖြစ်စေတာကြောင့် Contour သုံးမယ်ဆိုရင် နည်းနည်းချင်းစီယူပြီး သုံးတာက ပိုပြီး အဆင်ပြေစေပါလိမ့်မယ်။
Flat brush (Eyeshadow Brush)

Eyeshadow ခြယ်မယ်ဆိုရင် Flat brush ကို မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ Flat brush တွေကတော့ eyeshadow ခြယ်ဖို့အတွက် အရမ်းအသုံးဝင်ပါတယ်။ ခြယ်လို့လည်း အရမ်းကောင်းပါတယ်။ Flat brush တွေကတော့ ပြားပြားလေးနဲ့ အမွှေးလေးက မထူမပါး ပုံစံလေးရှိပါတယ်။ အခုမှ စပြီး မိတ်ကပ်စလိမ်းမယ့် Beginner လေးတွေ အတွက် Eyeshadow ခြယ်ဖို့ဆိုရင် ဒီလို brush တစ်ချောင်းတော့ ရှိထားသင့်ပါတယ်။
Blanding Brush

အရေးပါတဲ့ Makeup brush ထဲမှာ Blanding brush လည်း ပါပါတယ်။ Blanding brush ရဲ့ ပုံစံကတော့ ထိပ်မှာ စုစုလုံးလုံး ပုံစံလေး ဖြစ်ပြီး ဒီ brush က Eyeshadow Step မှာ အရေးအကြီးဆုံးလည်း ဖြစ်ပါတယ်။ Eyeshadow တွေကို မျက်ခွံပေါ် တင်ပြီး ခဲမနေစေဖို့အတွက် bland လုပ်ချင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ နှာတံဖော်တဲ့အခါမှာပဲဖြစ်ဖြစ် အရမ်းအသုံးဝင်ပါတယ်။
အခုမှ စပြီး မိတ်ကပ်စလိမ်းမယ့် Beginner လေးတွေ အတွက် လှလှပပလေး မိတ်ကပ်လိမ်းခြယ်တော့မယ်ဆိုရင် ဒီလို brush (၅) ချောင်းတော့ ရှိထားသင့်ပါတယ်။ ကိုယ့်ရဲ့ Makeup look လေးက ညီပြီး လှချင်တယ်ဆိုရင်တော့ Makeup Brush တွေ အများကြီးမဝယ်ချင်ရင်တောင် ဒါလေးတွေပဲဝယ်ထားလိုက်ရင် အဆင်ပြေသွားမှာပါ။





