ဒေါက်မြင့်ဖိနပ် စီးခြင်းရဲ့ ဆိုးကျိုးများ

//s9.kh1.co/ae/ae801b96a4b6994b6aed76281590ffbe087af873.jpg
MPT Lifestyle

 ၁၇-ပြီ-၂၀၂၃ ၁၀pm · လွန်ခဲ့သော ၃ နှစ် က

ဒေါက်မြင့်ဖိနပ်တွေက အမျိုးသမီးထုတွေကြားမှာ ရေပန်းအစားဆုံးပစ္စည်းတွေထဲက ..

ဒေါက်မြင့်ဖိနပ်တွေက အမျိုးသမီးထုတွေကြားမှာ ရေပန်းအစားဆုံးပစ္စည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အမျိုးသမီးအများစုအတွက် မရှိမဖြစ်ပစ္စည်းတစ်ခုဆိုလည်း မမှားပါဘူး။ ဒေါက်မြင့်ဖိနပ်စီးလေ့ရှိသူတွေ ကိုယ်တိုင်က ဒီဖိနပ်တွေစီးထားစဉ်မှာ အလွန်နာကျင်ရပေမယ့် ပိုမိုလှပတယ်လို့ ယုံကြည်နေကြတာကြောင့် ဒီနာကျင်မှုကို ကျေကျေနပ်နပ်လက်ခံနိုင်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ ဒေါက်မြင့်ဖိနပ်စီးခြင်းအားဖြင့် ဘာဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲဆိုတာကို  ပြောပြပေးသွားမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/ac/ac9094d82e43751714f627657063da0fc1baf1e5.jpg

ဒေါက်မြင့်ဖိနပ်စီးလိုက်တဲ့အခါ ခန္ဓာကိုယ်ဟာ ပုံမှန်ထက် ရှေ့ကိုယိုင်သွားပြီး နောက်ကျောကို ပိုပြီးကိုင်းသွားစေပါတယ်။ ဒါကြောင့် တစ်နေကုန်ဒေါက်မြင့်ဖိနပ်စီးသူ အမျိုးသမီး အတော်များများဟာ ခါးနာ၊ ခါးတောင့်တဲ့ ဝေဒနာကို ခံစားကြရတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=410,q=100/b4/b4366ff8bfed00d08b0a6539a0779b1f18cc88e7.jpg

ဒေါက်မြင့်ဖိနပ်စီးခြင်းက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို ခြေမအရင်းပိုင်းနေရာက စုထမ်းလိုက်ရပြီး မတ်မတ်ရပ်နိုင်ဖို့ ဒူးကိုပါ ရှေ့တွန်းလိုက်သလို ဖြစ်စေပါတယ်။ ဒီကိုယ်နေဟန်ထားဟာ ခန္ဓာကိုယ်ကို ကမောက်ကမဖြစ်စေပြီး နောက်ပိုင်းမှာ ဒူးဆစ်ကိုပါ ဒုက္ခပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက် တွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဒူးဆစ်ရောင်ရမ်းတဲ့ ပြဿနာ ပိုဖြစ်နိုင်ချေရှိပြီး ဒီပြဿနာဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ ဒေါက်ဖိနပ်စီးခြင်းက တစ်ခုအပါအဝင်ဖြစ်တယ်လို့ ဆိုထားပါတယ်။

https://s9.kh1.co/__image/w=650,h=341,q=100/c5/c54b4b5332c4458e78883fdaccbe72a50fcc6847.jpg

ဒေါက်ဖိနပ်စီးနေစဉ် ခြေမအရင်းပိုင်းက ထမ်းထားရတဲ့ ကိုယ်အလေးချိန်ကို မျှယူဖို့အတွက် ခါးအောက်ပိုင်းက အနောက်ဘက်ကို ကော့ပေးရပါတယ်။ ဒီအချက်ကြောင့်ပဲ ဒေါက်မြင့်ဖိနပ်စီးသူတွေရဲ့ တင်ပါးဟာ အခြားသူတွေထက် ပိုပြည့်ပြီး လုံးဝိုင်းနေရခြင်းဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါလောက် ဒေါက်မြင့်ဖိနပ်စီးပြီး တစ်နေကုန်အပြင်ထွက်မိပြီဆိုရင်တော့  ခါးနာတဲ့ဝေဒနာကို ခံစားရမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=538,h=490,q=100/f3/f37f8068aa6ec09aaa678ec011b8edd77fa0f286.jpg

ဒါ့အပြင် ခြေဖဝါးတွေက လမ်းလျှောက်တဲ့အခါ၊ ပြေးတဲ့အခါ၊ သီချင်းနားထောင်ရင်း ခြေဆောင့်တဲ့အခါ ဖြစ်လာတဲ့တုန်ခါမှုတွေကို ထိန်းပေးပါတယ်။ ဒေါက်မြင့်ဖိနပ်စီးတဲ့အခါမှာတော့ ခြေမအရင်းပိုင်းမှာရှိတဲ့ ခပ်ဖောင်းဖောင်း ခြေဖဝါးနေရာနဲ့ ခြေချောင်းရိုးလေးတွေက ခန္ဓာကိုယ်ကြီးတစ်ခုလုံးရဲ့ ဖိအားဒဏ်ကို အဓိကခံကြရပါတယ်။

https://s9.kh1.co/__image/w=650,h=342,q=100/e8/e8aead591610a3da490e2ff91c2492f047299adb.jpg

ဒေါက်မြင့်ဖိနပ်စီးခြင်းက ကိုယ့်ကို အမှန်တကယ် ကြည့်ကောင်းစေမှာ ဖြစ်တဲ့အတွက် တစ်ရက်တစ်လေ စီးတာက မပြောပလောက်ပေမယ့် နေ့စဉ်ရက်ဆက် မချွတ်တမ်းစီးမယ်ဆိုရင်တော့ အကြီးအကျယ် ဒုက္ခရောက်နိုင်ပါတယ်။ဒါကြောင့် ကိုယ့်မှာရှိတဲ့ ဒေါက်မြင့်ဖိနပ်တွေကို အရေးကြီးတဲ့ ပွဲသွားပွဲလာနေ့တွေအတွက် သိမ်းထားပြီး သာမန်ထသွားထလာနဲ့ ရုံးသွားရုံးပြန်ကို ပေါ့ပေါ့ပါးပါး သက်သောင့်သက်သာဖြစ်မယ့် ဖိနပ်တွေစီးပေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T