လူကို ပိန်ပိန်သွယ်သွယ်လေး ဖြစ်သွားစေမယ့် အဝတ်အစားFashion များ

//s9.kh1.co/f1/f1992e4a70a09c0879a800fde01d191201036385.jpg
MPT Lifestyle

 ၁၇-ပြီ-၂၀၂၃ ၁၀pm · လွန်ခဲ့သော ၂ နှစ် က

လူတစ်ယောက်အတွက် ဖက်ရှင်ဒီဇိုင်းဟာ သိပ်အရေးကြီးပါတယ်...

လူတစ်ယောက်အတွက် ဖက်ရှင်ဒီဇိုင်းဟာ သိပ်အရေးကြီးပါတယ်။ လူကိုပိုကြည့်ကောင်းစေအောင်၊ ပိုကြည့်ရဆိုးစေအောင် အဲ့ဒီလူရဲ့ ဖက်ရှင်က ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။ ဒါ့အပြင် လူကို ပိန်ပိန်သွယ်သွယ်လေးဖြစ်အောင်လည်း ထိုသူရဲ့ ဖက်ရှင်စတိုင်လ်ကပဲ ဖန်တီးပစ်လိုက်နိုင်ပါတယ်။ ကဲ ဒီတော့ ပိန်သွယ်သယောင်ဖြစ်အောင် ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။

အစင်းတွေ ဝတ်ဆင်ပါ။

https://s9.kh1.co/__image/w=550,h=831,q=100/b7/b7ed8eeca93988b2fc68424180e0906d16975899.jpg

အစင်းလိုဆိုရာမှာ ဒေါင်လိုက်အစင်းတွေက ရှိရင်းစွဲခန္ဓာကိုယ်အရွယ်အစားထက် ပိုမိုပိန်သွယ် သယောင်ဖြစ်စေပါတယ်။

ခါးပတ် ပတ်ပါ။

https://s9.kh1.co/__image/w=650,h=975,q=100/3a/3ad23334dfdc057af8507f19a719f9913cdf0073.jpg

ခန္ဓာကိုယ်လေး ပိန်သယောင်ဖြစ်စေဖို ခါးပတ်ဘပတ်ဖိုလည်းလိုပါတယ်။ အမျိုးသမီးတော်တော်များများဟာ များသောအားဖြင့် ခါးနေရာကတော့ သိမ်ကြတာများပါတယ်။ ဒါ့ကြောင့် တီရှပ်တွေကလွဲရင် ကျန်တဲ့ Fashion တိုင်းကို ခါးပတ်လေးနဲ့ တွဲဝတ်သင့်ပါတယ် ။

ကိုယ်နဲ့လိုက်ဖက်တဲ့ ဒေါက်ဖိနပ်အမြင့် တွေစီးပါ။

https://s9.kh1.co/__image/w=650,h=304,q=100/c6/c67f56c51dd0da09f2442e1c30d305ed3abc1795.jpg

ဒေါက်ဖိနပ် Heel တွေက ကိုယ်ခန္ဓာကို ပိန်သွယ်သယောင်ရှိစေရုံမကပဲ လမ်းလျှောက်တဲ့အခါတိုင်းလည်း smart ပိုကျစေပါတယ်

ကိုယ့်ခန္ဓာကိုယ်အချိုးအစား ပေါ်လွင်တဲ့ အဝတ်အစားကိုသာ ရွေးချယ်ပါ။

https://s9.kh1.co/__image/w=650,h=907,q=100/4e/4ed45cdc7da41f0276d43dc3ba6ea848089d268a.jpg

ပိန်သွယ်သယောင်ဖြစ်စေဖိုအတွက် အဝတ်အစားကို ကိုယ့်sizeထက် ကြီးတဲ့ဟာမျိုးတွေ မရွေးချယ်ပါနဲ့။ အဲ့ဒီလိုဆိုက်ကြီးတွေ ဝတ်လိုက်ရင် ကြည့်ရတဲ့သူအတွက် တော်တော်ကိုဆိုးစေတဲ့အပြင် ရှိရင်းစွဲထက် ပိုဝတယ်လိုတောင် ထင်သွားစေနိုင်တာကြောင့်ပါ။ဒါကြောင့် ကိုယ်နဲ့ Fit ဖြစ်မယ့် Size ကိုသာ ရွေးချယ်သင့်ပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T