ရည်စားရှာ‌တွေ့ဖို့အတွက်နဲ့ အရပ်ရှည်အောင် ခြေထောက်ခွဲစိတ်မှုလုပ်ခဲ့သူ

//s9.kh1.co/3f/3ff9425d27562ec9bef3034571037dfc97c7615e.jpg
နေ့စဉ်သတင်းများ

 ၁၅-ပြီ-၂၀၂၃ ၄pm · လွန်ခဲ့သော ၃ နှစ် က

သင်ဆိုရင်ရော ရည်စားရှာတွေ့ဖို့ မြန်မာငွေ သန်း ၃၀၀ ကျော်ကုန်ကျခံမှာလား......

ရည်စားရှာ‌တွေ့တဲ့ဘဝကို မြှင့်တင်ဖို့အတွက် Minnesota မှ အမျိုးသားတစ်ယောက်ဟာ ခြေထောက်ကို အရှည်ငါးလက်မ တိုးစေဖို့ ခြေထောက်ရှည်စေတဲ့ ခွဲစိတ်မှု နှစ်ခုကို ဒေါ်လာ 1,70,000 ကုန်ကျခံပြီး ပြုလုပ်ခဲ့ပါတယ်။ အသက် ၄၁ နှစ်ရှိ Moses Gibson ဟာ သူ့ရဲ့ ၅ ပေ ၅ လက်မအရပ်ကြောင့် ယနေ့အထိ ရုန်းကန်နေရပါတယ်။ သူဟာ သူရဲ့အရပ်ကို တိုးမြင့်လာစေဖို့အတွက် ဆေးဝါးနှင့် ဝိညာဉ်ရေးဆရာ အပါအဝင် အမျိုးမျိုးသော အရာတွေကို ကြိုးစားခဲ့ပါတယ်။

https://s9.kh1.co/__image/w=306,h=603,q=100/82/822af46e3be5c1be6b1ccfe5c64bd27cecb637a1.jpg
https://s9.kh1.co/__image/w=631,h=750,q=100/0e/0ed8567e06782a8d979b85525b3989a48731c3fb.jpg

ဆေးဝါးရော ဝိညာဉ်ဆရာပါ မအောင်မြင်တဲ့အခါ ဈေးကြီးပြီး နာကျင်တဲ့နည်းလမ်းနဲ့ ခြေထောက်ကို ရှည်အောင် ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆော့ဖ်ဝဲလ်အင်ဂျင်နီယာနဲ့ Uber ယာဉ်မောင်းတစ်ဦးဖြစ်တဲ့သူဟာ သုံးနှစ်တာကာလအတွင်း ခွဲစိတ်မှုအတွက် ဒေါ်လာ ၇၅,၀၀၀ စုဆောင်းနိုင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=345,q=100/6d/6dd1defbb88d410847a4e2bb7575cb6cd53de39a.jpg
https://s9.kh1.co/__image/w=634,h=909,q=100/75/75b480046655e38e6a1aab0195ca05afedc3cf99.jpg

သူသည် ၂၀၁၆ ခုနှစ်မှာ ခွဲစိတ်မှုကိုဆောင်ရွက်ခဲ့ပြီး သူ့ရဲ့အရပ်ကို ၃ လက်မထပ်တိုးခဲ့ပါတယ်။ မတ်လတွင် သူဟာ အရပ် ၂ လက်မထပ်တိုးဖို့ ဒုတိယအကြိမ်ခွဲစိတ်မှုအတွက် ဒေါ်လာ ၉၈,၀၀၀ သုံးစွဲခဲ့ပါတယ်။ ယခုအခါ သူဟာ ဖြတ်ထားတဲ့ အရိုးကို တစ်ကြိမ်လျှင် တစ်မီလီမီတာ ခွဲထုတ်ဖို့ တစ်နေ့ကို သုံးကြိမ် အရပ်ရှည်တဲ့ ကိရိယာကို အသုံးပြုနေပြီလို့ သိရပါတယ်။ နာကျင်မှုနှင့်စျေးနှုန်းတွေကြောင့် Mr Gibson ဟာနောင်တမရပါဘူး။

https://s9.kh1.co/__image/w=650,h=775,q=100/fc/fcc22e5cc1d928861905ee19ed1ac2108a77c69d.jpg

သတင်း အရင်းအမြစ် New York Post

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T